နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

နတ်တိုကို မန်စီးတီးဆီ ခေါ်ယူလိုနေတဲ့ မာရက်စ်ကာ၊ ရာသီကြို လေ့ကျင့်ရေး မစခင် အနာဂတ်ကို ဆုံးဖြတ်ပေးဖို့ အသင်းထံကို တောင်းဆိုထားတဲ့ ဂီမာရေးစ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ်တွေရဲ့ အပြောင်းအရွှေ့ ဈေးကွက် အတွင်း လှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ဆက်လက် ဖော်ပြပေးသွားပါမယ်။

မန်ချက်စတာစီးတီး နည်းပြ အန်ဇို မာရက်စကာဟာ ချဲလ်ဆီး အသင်းရဲ့ တောင်ပံကစားသမား ပတ်ဒရို နက်တိုနဲ့ ပြန်လည် လက်တွဲချင်နေပါတယ်။ ဒီ ပေါ်တူဂီ လက်ရွေးစင်ကို ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ် ကလည်း စိတ်ဝင်စားနေပြီး အပြောင်းအရွှေ့ တန်ဖိုး ကတော့ ပေါင် ၆၈ သန်း ဝန်းကျင် ရှိနေပါတယ်။

မန်ချက်စတာယူနိုက်တက် ဟာ ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ အော်ရီလီယန် ချူအာမေနီကို ခေါ်ယူဖို့ ပေါင် ၆၈ သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။ ချူအာမေနီ ဘက်ကလည်း ရီးရဲလ် အသင်းမှာ သူ့ကို မလိုလားတော့ဘူး ဆိုရင် ယူနိုက်တက်ဆီ ပြောင်းရွှေ့ကစားဖို့ လမ်းဖွင့်ပေးထားကြောင်း သိရပါတယ်။

ချဲလ်ဆီး နည်းပြ ဇာဘီ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ် နောက်ခံလူ အဲလ်ဗာရို ကာရီးရက်စ်ကို အရ ခေါ်ယူဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီး တို့ဟာ လေဗာကူဆင်ရဲ့ လူငယ်ကစားသမား ကာရင်မ် အာလိုင်ဘေးဂိုဗစ်ကို ခေါ်ယူဖို့ ပေါင် ၃၄ သန်း နဲ့ ကမ်းလှမ်းထားပြီး ရောက်လာရင် ဒီရာသီမှာ အငှားပြန်ချထားဖို့ စတင် စဉ်းစားနေပါတယ်။

နယူးကာဆယ် ကွင်းလယ်လူ ဘရူနို ဂီမာရေးစ်ဟာ ရာသီကြို လေ့ကျင့်ရေး မစမီ သူ့ရဲ့ အနာဂတ်ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ပေးဖို့ အသင်းကို အသိပေးထားပါတယ်။ တဖက် မှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ တို့က ဘရာဇီးလ်သားကို ခေါ်ယူဖို့ ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ ဘရာဇီးလ် တောင်ပံ တိုက်စစ် ကစားသမား ဗင်နီးစီးယက်စ် ဂျူနီယာ စာချုပ်သစ် မချုပ်ဆိုပါက ဒီနွေရာသီမှာ ရောင်းထုတ်ဖို့ ပြင်ဆင်ခဲ့ပေမယ့် အခုအခါမှာတော့ သဘောထား ပြောင်းလဲသွားခဲ့ပါတယ်။ လာမယ့် ရာသီဝက် အလယ်လောက်မှ စာချုပ်သစ် ထပ်မံ ဆွေးနွေးနိုင်ဖို့ မျှော်လင့်ချက်နဲ့ သူ့ကို ဆက်လက် ထိန်းသိမ်းထားဖို့ ဆုံးဖြတ်လိုက်တာပါ။

ဒါပေမယ့် ဗီနီးဆီးယက်စ်ရဲ့ ကိုယ်စားလှယ်တွေကတော့ အာဆင်နယ်၊ လစ်ဗာပူးလ်နဲ့ မန်စီးတီး အပါအဝင် ပရီးမီးယားလိဂ် အသင်းကြီး ၃ သင်းဆီ ဆက်သွယ်ထားပြီး အဆိုပါ အသင်းတွေ ကလည်း ဒီနွေရာသီမှာတင် ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း ပြသထားပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီ အသင်း ကလည်း ဗင်နီးစီးယက်စ်ကို ခေါ်ယူဖို့ အကွက်ချ စီစဉ်နေပါတယ်။

တဖက် မှာလည်း ပရီးမီးယားလိဂ် ချန်ပီယံ တို့က ဘရာဇီးလ်သားကို ခေါ်ယူဖို့ ဆက်လက် ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
နယူးကာဆယ် ကနေ ထွက်ခွာချင်ကြောင်း အသိပေးထားတဲ့ ဘရူနို ဂီမာရေးစ်

တစ်ဖက် မှာလည်း ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ တို့ဟာ ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ပစ်မှတ် ဖြစ်တဲ့ မန်စီးတီး ကွင်းလယ်လူ ရိုဒရီကို ရီးရဲလ် လက်ထဲ မရောက်ရေး အတွက် ကြားကနေ အပြိုင်အဆိုင် ချဉ်းကပ်လျက် ရှိကြပါတယ်။

လစ်ဗာပူးလ် အသင်းဟာ ပီအက်စ်ဂျီမှ ဘရက်ဒ်လေ ဘာကိုလာကို မခေါ်ယူနိုင်ခဲ့ပါက ဂျူဗင်တပ်စ် တောင်ပံ ကစားသမား ဖရန်စ္စကို ကွန်စီကာအိုကို အစားထိုး ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

အသက် ၁၈ နှစ် အရွယ် ပီအက်စ်ဂျီ တောင်ပံ ကစားသမား အီဘရာဟီမာ အမ်ဘာယီကို ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်စီးတီးနဲ့ စပါး အသင်း တို့က စုံစမ်းမေးမြန်းထားကြပြီး ဒီနွေရာသီမှာ ထွက်ခွာခွင့် ရရှိဖွယ် ရှိနေပါတယ်။

အာဆင်နယ်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်၊ မန်စီးတီး၊ မန်ယူနိုက်တက်နဲ့ နယူးကာဆယ် အပါအဝင် အင်္ဂလန် ထိပ်သီး ကလပ် အသင်း အများစုဟာ ပေါ်တို အသင်းရဲ့ လူငယ်တောင်ပံ ကစားသမား အိုစကာ ပီယက်တူးဇက်စကီးကို စိတ်ဝင်စားနေကြပါတယ်။

မစ်ဒယ်ဘရော့ အသင်းဟာ ယူနိုက်ကတ် အသင်း ကနေ ထွက်ခွာချင်နေတဲ့ ဂိုးသမား ရာဒက် ဗီတက်ကို ခေါ်ယူဖို့ စေ့စပ်နေသလို၊ တူရကီ ကလပ် ထရပ်ဇွန်စပေါ ကလည်း အက်စတွန်ဗီလာမှာ အဆင်မပြေ ဖြစ်နေတဲ့ တိုက်စစ်မှူး အီဗန် ဂတ်ဆန်ကို ချိန်ရွယ်နေပါတယ်။

အေစီမီလန် အသင်းဟာ ဘာစီလိုနာ နောက်ခံလူ ဂျရတ် မာတင်ကို စိတ်ဝင်စားနေပေမယ့် ဘာစီလိုနာ ဘက်က ရောင်းထုတ်ဖို့ ဆန္ဒမရှိပါဘူး။ ထို့အတူ ဘာစီလိုနာဟာ တိုက်စစ်မှူး ဖာရန် တောရက်စ် ကိုလည်း ဆက်လက် ထိန်းသိမ်းထားချင်ပြီး စာချုပ်သစ် ချုပ်ဆိုချင်နေပါတယ်။ ဖာရန် တောရက်စ် အနေနဲ့ ထွက်ခွာချင်ပါက တရားဝင် အပြောင်းအရွှေ့ အတွက် တောင်းဆိုမှု ပြုလုပ်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်