ပွဲစလို့ ၂ မိနစ်သာ ရှိသေးတဲ့အချိန်မှာ သွင်းယူခဲ့တဲ့ အစ္စမေးလ် ဆိုင်ဘာရီရဲ့ အပြင်းကန်ချက် အပိုင်ဂိုးနဲ့ အတူ မော်ရိုကိုဟာ စကော့တလန်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ သူတို့ရဲ့ ကမ္ဘာ့ဖလား ပထမဆုံး နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သလို နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်တွေလည်း မြင့်တက်လာခဲ့ပြီ ဖြစ်ပါတယ်။
စကော့တလန် အသင်း အတွက်တော့ ဒီပွဲမှာ သာနိုင်ခဲ့ရင် သူတို့ရဲ့ ဘောလုံးသမိုင်းတစ်လျှောက် အဓိက ပြိုင်ပွဲကြီး တစ်ခုမှာ ပထမဆုံးအကြိမ် အဖြစ် ရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Boston Stadium မှာ ကစားခဲ့တဲ့ ဒီပွဲမှာတော့ ပွဲချိန် အစောပိုင်းမှာတင် အမှားတစ်ခုကြောင့် ခံလိုက်ရတာပါ။
ပွဲစလို့ စက္ကန့် ၇၀ မှာတင် မော်ရိုကို ကြယ်ပွင့် ဘရာဟင်မ် ဒီးယက်ဇ်က ညာခြမ်း ကနေ အကွက်မြင်မြင် ထိုးပေးလိုက်တဲ့ ဘောလုံးကို ဆိုင်ဘာရီက လူကျွံထောင်ချောက်ကို ဖောက်ထွက်ပြီး ဂိုးရဲ့ ဘယ်ဘက် အပေါ် ထောင့်ထဲကို အပြင်း ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဒီဂိုးကြောင့် ဆိုင်ဘာရီဟာ မော်ရိုကို ဘောလုံးသမိုင်းမှာ ကမ္ဘာ့ဖလား ၂ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
ဂိုးရပြီးနောက်မှာလည်း မော်ရိုကို တို့ပဲ ဆက်တိုက် ဖိကစားခဲ့တာပါ။ အက်ဇီဒင်း အူနာဟီ ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးက ဆိုင်ဘာရီရော အယ်လ် အိုင်နာဝီနဲ့ပါ လွဲချော်သွားခဲ့သလို၊ အာချရက်ဖ် ဟာကီမီ ကန်သွင်းဖို့ ကြိုးစားတာ ကိုလည်း စကော့တလန် ဂိုးသမား အန်းဂတ်စ် ဂန်းက အချိန်ကိုက် ထွက်ဖျက်သွားနိုင်ခဲ့ပါတယ်။
အဲဒီနောက် စကော့တလန် ကွင်းလယ်လူ စကော့တ် မက်တော်မီနေး ဆီကနေ ဘောလုံးလုယူပြီး မော်ရိုကို ကစားသမား အယ်လ် ခါနူးစ် အပိုင်ကန်ခွင့်ရခဲ့ပေမယ့် ဂိုးဘားတန်း အပေါ် ကနေ ကျော်တက်သွားခဲ့ပါတယ်။ ပထမပိုင်း ပြီးခါနီး မှာတော့ စကော့တလန်တို့ ပွဲကို ပြန်စိုးမိုးနိုင်ခဲ့ပြီး အသင်းခေါင်းဆောင် အန်ဒီ ရောဘတ်ဆန် ဖြတ်တင်ပေးတာကို ဂျွန် မက်ဂင်းန် ကန်သွင်းခဲ့ပေမယ့် ပရိသတ်တွေထဲ ကိုပဲ ရောက်သွားခဲ့လို့ ပထမပိုင်းမှာ မော်ရိုကိုက ၁-၀ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
ဒုတိယပိုင်း ပြန်စတော့လည်း မော်ရိုကို တို့ပဲ အရှိန်အဟုန် ကောင်းခဲ့ပြီး ဆိုင်ဘာရီ ကန်သွင်းလိုက်တဲ့ ဘောလုံးက စကော့တလန် နောက်ခံလူနဲ့ ထိပြီး ဂိုးဘားတန်းပေါ် ကျော်သွားခဲ့သလို၊ ထောင့်ကန်ဘော ကနေ အယ်လ် ခါနူးစ် ခေါင်းတိုက်တာ ကိုလည်း ဂိုးသမား ဂန်း လက်စွမ်းပြ ကာကွယ်သွားခဲ့ပါတယ်။

ပွဲချိန် မိနစ် ၈၂ မှာတော့ စကော့တလန်တို့ ပင်နယ်တီ ရသင့်တဲ့ အခြေအနေ တစ်ခု ကြုံခဲ့ရပါတယ်။ မော်ရိုကို ကစားသမား အိုင်နာဝီရဲ့ ဖျက်ထုတ်ပုံကြောင့် မက်တော်မီနေး တစ်ယောက် ဂိုးဧရိယာထဲမှာ လဲကျသွားခဲ့ပေမယ့် ကွင်းလယ်ဒိုင် ကတော့ ပင်နယ်တီ အဖြစ် မသတ်မှတ်ခဲ့ပါဘူး။ ပွဲပြီးခါနီးမှာ စကော့တလန်တို့ ချေပဂိုး ရဖို့ အတင်းဖိ ကစားခဲ့ပေမယ့် မော်ရိုကို ဂိုးသမား ယာဆင် ဘိုနိုကို ခြိမ်းခြောက်နိုင်ခြင်း မရှိခဲ့ပါဘူး။ လင်ဒန် ဒိုက်ခ်စ်ရဲ့ ခေါင်းတိုက်ချက် အပေါ်ထောင်တက်သွားခဲ့သလို၊ မက်တော်မီနေး ကန်သွင်းလိုက်တဲ့ ဘောလုံး ကလည်း ပြိုင်ဘက်နဲ့ ထိပြီး ဂိုးဘေးပိုက်ပဲ ထိခဲ့ပါတယ်။ အဆုံးသတ် မှာတော့ စကော့တလန်ဟာ တစ်ပွဲလုံးမှာ ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်မှ မရရှိခဲ့ဘဲ ပွဲပြီးဆုံးသွားခဲ့ပါတယ်။ ဒါဟာ ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက ဒိန်းမတ်ကို ၁-၀ နဲ့ ရှုံးခဲ့တဲ့ ပွဲပြီးရင် သူတို့ရဲ့ ကမ္ဘာ့ဖလား သမိုင်းမှာ ဒုတိယမြောက် ဂိုးပေါက်တည့် ကန်ချက် တစ်ကြိမ်မှ မရတဲ့ ပွဲဖြစ်သွားခဲ့ပါတယ်။
ပထမပွဲမှာ ဟေတီကို ၁-၀ နဲ့ နိုင်ထားတဲ့ စကော့တလန် အသင်းဟာ ဒီပွဲမှာ အတွေ့အကြုံရင့် ကစားသမား ၃ ယောက်ကို လဲလှယ် အသုံးပြုခဲ့ပါတယ်။ ဒီပွဲထွက် လူစာရင်းဟာ စကော့တလန် သမိုင်းမှာ နိုင်ငံတကာပွဲ ကစားထားတဲ့ အကြိမ်ရေ စုစုပေါင်း (ပွဲပေါင်း ၆၉ ပွဲ) အများဆုံး အဖြစ် သမိုင်းဝင်ခဲ့တာပါ။ ဒါပေမယ့် စိတ်ပျက်စရာကောင်းတာက အတွေ့အကြုံရင့် နောက်ခံလူ ဂရန့် ဟန်လေရဲ့ လူကျွံထောင်ချောက်ဆင်ဖို့ ကြိုးစားပုံ အမှားကနေ တစ်ဆင့် ဆိုင်ဘာရီရဲ့ အဖွင့်ဂိုး ဖြစ်သွားခဲ့တာပါ။ ဒါဟာ စကော့တလန် အသင်း အတွက် ကမ္ဘာ့ဖလား သမိုင်းမှာ အစောဆုံး ဂိုးပေးလိုက်ရတဲ့ မှတ်တမ်းဆိုး ဖြစ်သွားခဲ့ပါတယ်။
တစ်ဖက် မှာတော့ ဆိုင်ဘာရီရဲ့ သွင်းဂိုးဟာ ယခုနှစ် ကမ္ဘာ့ဖလား ပြိုင်ပွဲရဲ့ အမြန်ဆုံး သွင်းဂိုး ဖြစ်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက ခရိုအေးရှားနဲ့ ပွဲမှာ ကနေဒါ ကစားသမား အဲလ်ဖွန်ဆို ဒေးဗီးစ် ၆၈ စက္ကန့်နဲ့ သွင်းခဲ့တဲ့ဂိုး ပြီးရင် အစောဆုံးဂိုး ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် ဆိုင်ဘာရီဟာ အာဖရိက ကစားသမားတွေ ထဲမှာ မိုဟာမက် ဆာလာ ပြီးရင် ကမ္ဘာ့ဖလား ပထမဆုံး ၂ ပွဲ ဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ဒုတိယမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။
လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ် အသင်းဆီ ပြောင်းရွှေ့ဖို့ သတင်းထွက်နေတဲ့ ဆိုင်ဘာရီ ခြေစွမ်းပြနိုင်တာဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ဘရာဟင်မ် ဒီးယက်ဇ်ရဲ့ ဖန်တီးပေးမှုကြောင့်လည်း ပါပါတယ်။ သူတို့ နှစ်ယောက် အတွဲအစပ်ဟာ အခု ကမ္ဘာ့ဖလားမှာ မော်ရိုကို ရရှိထားတဲ့ ၂ ဂိုးစလုံးကို ဖန်တီးသွင်းယူထားတာ ဖြစ်ပြီး၊ ဒါဟာ အာဖရိက ဘောလုံးသမိုင်းမှာ ကစားသမား တစ်ယောက်က သူ့အသင်းဖော် တစ်ယောက်တည်းကို ကမ္ဘာ့ဖလား ပြိုင်ပွဲ တစ်ခုထဲမှာ ၂ ကြိမ်အထိ ဂိုးဖန်တီးပေးနိုင်တဲ့ ဒုတိယမြောက် မှတ်တမ်းကောင်း ဖြစ်ပါတယ်။
ဒီပွဲမှာ ဘရာဟင်မ်ဟာ ဂိုးရနိုင်မယ့် အခွင့်အရေး ဖန်တီးမှု ၃ ကြိမ်၊ တစ်ကိုယ်တော် လိမ်ခေါက် ကျော်ဖြတ်မှု ၃ ကြိမ်နဲ့ ပွဲထဲမှာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စာရင်းဇယားတွေ အရလည်း မော်ရိုကို အသင်းက ဂိုးကန်ချက် ၁၂ ကြိမ်၊ ဂိုးရနိုင်ခြေ မျှော်မှန်းချက် (xG) ၀.၉၇ ရှိခဲ့ပြီး၊ စကော့တလန် ကတော့ ဂိုးကန်ချက် ၆ ကြိမ်၊ (xG) ၀.၅၄ ပဲ ရှိခဲ့တာမို့ မော်ရိုကိုတို့ ထိုက်ထိုက်တန်တန်ပဲ အနိုင်ရရှိသွားခဲ့တာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


