နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရာသီပိတ် အရေးကြီး ပွဲစဉ် နှစ်ပွဲမှာ မက်ဒီဆင်ဟာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာလိမ့်မယ်လို့ ထောက်ခံလိုက်တဲ့ ဖာကီ | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ရာသီ ကုန်ဆုံးဖို့ နှစ်ပွဲသာ လိုတော့ချိန်မှာ တော့တင်ဟမ်ဟော့စပါး အသင်းဟာ တန်းဆင်းဇုန်နဲ့ ၂ မှတ် အကွာကို ရောက်ရှိနေပါတယ်။ ဒီလို အချိန်မှာ အဓိက ကွင်းလယ် တိုက်စစ် ကစားသမား တစ်ဦး ဖြစ်တဲ့ ဂျိမ်းစ် မက်ဒီဆင် ဒဏ်ရာ ကနေ ပြန်လာနိုင်တာ ကတော့ တော့တင်ဟမ်ဟော့စပါး အတွက်တော့ အားတက်စရာ အခြေအနေ တစ်ခု ဖြစ်နေပါတယ်

လိဒ်စ်ယူနိုက်တက် နည်းပြ ဒန်နီရယ် ဖာကီ ကတော့ တော့တင်ဟမ်ဟော့စပါးရဲ့ ရာသီပိတ် အရေးကြီး ပွဲစဉ် နှစ်ပွဲမှာ မက်ဒီဆင်ဟာ အရေးပါတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်လာလိမ့်မယ်လို့ ထောက်ခံ ပြောကြားခဲ့ပါတယ်။ မက်ဒီဆင်ဟာ လက်စတာစီးတီးနဲ့ စပါး အသင်းတွေကို မပြောင်းရွှေ့ခင် နော့ဝှစ်ချ်စီးတီး အသင်း အတွက် ဖာကီရဲ့ လက်အောက်မှာ ကစားခဲ့ဖူးသူ ဖြစ်ပါတယ်။

အင်္ဂလန် ကွင်းလယ် ဖန်တီးရှင် ကစားသမား မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က ဖာကီရဲ့ လိဒ်စ်ယူနိုက်တက်နဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲမှာ လူစားဝင် ကစားသမား အဖြစ် ဒီရာသီ အတွက် ပထမဆုံးအကြိမ် ပါဝင်လာခဲ့တာပါ။ သူဟာ ရာသီကြို ကာလမှာ ရှေ့ ဒူးအရွတ် (ACL) ဒဏ်ရာ ရရှိခဲ့တာကြောင့် ကာလရှည်ကြာ အနားယူနေခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံး ရာသီတုန်းက မက်ဒီဆင်ဟာ တော့တင်ဟမ်ဟော့စပါး အသင်း အတွက် ၁၀ ဂိုး သွင်း၊ ၁၂ ဂိုး ဖန်တီး (စုစုပေါင်း ၂၂ ဂိုးမှာ ပါဝင်ပတ်သတ်) ပေးနိုင်ခဲ့ပြီး ဒေါမနစ်ခ် ဆိုလန်ကီ (၂၄ ဂိုး) ပြီးရင် အသင်း အတွက် ဒုတိယမြောက် အားကိုးရဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် တော့တင်ဟမ်ဟော့စပါးရဲ့ ၁၇ နှစ်ကြာ ဆုဖလား လက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်ပေးခဲ့တဲ့ ယူရိုပါလိဂ် အောင်မြင်မှု မှာလည်း သူက ၃ ဂိုး သွင်း၊ ၃ ဂိုး ဖန်တီးကာ ပါဝင် ပတ်သတ်ခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ဖာကီရဲ့ လိဒ်စ်ယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ ရုန်းထွက်ထားနိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။
တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ ကင်းလွတ်သွားပြီ ဖြစ်တဲ့ လိဒ်စ်

လက်ရှိ မှာတော့ နည်းပြ ရော်ဘတ်တို ဒီဇာဘီရဲ့ တော့တင်ဟမ်ဟော့စပါး အသင်းဟာ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ရဲ့ အထက် ၂ မှတ် အကွာ မှာပဲ ရှိနေပါတယ်။ ဒါ့အပြင် ချဲလ်ဆီး၊ အဲဗာတန်တို့နဲ့ ကစားရမယ့် အရေးကြီးပွဲတွေ ကျန်ရှိနေပါသေးတယ်။ ဖာကီ ကတော့ မက်ဒီဆင်ဟာ ဒီပွဲတွေမှာ အသင်းကို ကူညီနိုင်လိမ့်မယ်လို့ အခုလိုပဲ ပြောကြားလိုက်ပါတယ်။

“ကျွန်တော့်မှာ ဂျိမ်းစ် မက်ဒီဆင် အပေါ် အမြဲတမ်း အလေးထားတဲ့ စိတ် ရှိပါတယ်။ သူ ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့ ကစားသမား ဖြစ်ခဲ့တာပါ။ တကယ်လို့ သင်ဟာ ဘောလုံးကို ချစ်မြတ်နိုးတယ် ဆိုရင် မက်ဒီဆင် ကိုလည်း ချစ်မှာပါ။ ဘာလို့လဲ ဆိုတော့ သူဟာ တကယ့်ကို ပါရမီပါတဲ့ ကစားသမားစစ်စစ် တစ်ယောက် ဖြစ်လို့ပါပဲ။” 

“သူဟာ အင်္ဂလန်ရဲ့ ဖန်တီးမှု အရှိဆုံးနဲ့ အရည်အချင်း အရှိဆုံး ကွင်းလယ်လူတွေထဲက တစ်ယောက်ပါ။ ဒီလို ကောင်းမွန်တဲ့ ကစားသမား တစ်ယောက်၊ စိတ်ထားကောင်းတဲ့ လူတစ်ယောက် အကြာကြီး အနားယူလိုက်ရတာ စိတ်မကောင်းစရာ ဖြစ်ခဲ့ပေမယ့် ပြီးခဲ့တဲ့ ပွဲမှာ သူ ပြန်ပါလာတာကို တွေ့ရလို့ ကျွန်တော် တကယ် ဝမ်းသာပါတယ်။”

“မက်ဒီဆင်လို ကစားသမားမျိုးကို ရွေးချယ်စရာအဖြစ် ပိုင်ဆိုင်ထားတာဟာ အမြဲတမ်း ကောင်းမွန်တဲ့ အချက်ပါ။ အခုလို ရာသီပိတ် အဆုံးအဖြတ်ပွဲတွေမှာ သူဟာ အရေးကြီးတဲ့ အခန်းကဏ္ဍ ကနေ ပါဝင်နိုင်လိမ့်မယ်လို့ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်။” လို့ ဖာကီက ပြောကြားခဲ့ပါတယ်။လက်ရှိမှာတော့ ဖာကီရဲ့ လိဒ်စ်ယူနိုက်တက်က ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရှိနေပြီး တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ ရုန်းထွက်ထားနိုင်ခဲ့ပြီးသား ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်