ဘရာဂါ ကတော့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ ဖရိုင်းဘတ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ပေါ်တူဂီ ကလပ်ဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ဒုတိယမြောက် ဥရောပ အဆင့် အဓိက ဗိုလ်လုပွဲကို တက်ရောက်ဖို့ ရည်ရွယ်နေတာ ဖြစ်ပါတယ်။
ဘရာဂါ အသင်းခေါင်းဆောင် ရီကာဒို ဟော်တာက အသင်းဖော် ဝါရင့် ကစားသမား ယာအို မော်တင်ညို အတွက် ယူရိုပါလိဂ် ဖလားကို ရယူပေးဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။ ပေါ်တူဂီ ကလပ်ဟာ ဆီမီးဖိုင်နယ် ပထမအကျော့ အဖြစ် ဒီကနေ့ည Estadio Municipal de Braga မှာ ဖရိုင်းဘတ်ကို ဧည့်ခံ ကစားရမှာ ဖြစ်ပါတယ်။
ဘရာဂါဟာ သူတို့ အသင်းရဲ့ သမိုင်းတလျှောက် ဒုတိယမြောက် ဥရောပ အဆင့် အဓိက ပြိုင်ပွဲ ဆီမီးဖိုင်နယ်ကို တက်ရောက်ခဲ့ခြင်း ဖြစ်ပါတယ်။ ဘရာဂါဟာ ၂၀၁၀-၁၁ ယူရိုပါလိဂ်မှာ ပေါ်တူဂီ ကလပ် ဘင်ဖီကာကို ဆီမီးဖိုင်နယ်မှာ အနိုင်ယူ ကျော်ဖြတ်ခဲ့ပြီးနောက် ဗိုလ်လုပွဲ မှာတော့ ပေါ်တိုကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။
ဒီရာသီ ယူရိုပါလိဂ်မှာ ဟော်တာ (၄ ဂိုး၊ ဂိုးဖန်တီးမှု ၄ ကြိမ်) ထက် ဂိုးပါဝင်ပတ်သက်မှု ပိုများတဲ့သူ နှစ်ဦးသာ ရှိပါသေးတယ်။ ဟော်တာက ဘရာဂါ အတွက် ဒီပြိုင်ပွဲမှာ ဂိုးပါဝင် ပတ်သက်မှု (၁၈ ဂိုး၊ ဂိုးဖန်တီးမှု ၁၄ ကြိမ်) စုစုပေါင်း ၃၂ ကြိမ် ရှိပြီး ၂၀၀၉-၂၀၁၀ နောက်ပိုင်း တစ်သင်းတည်း အတွက် ကစားသမား တစ်ဦးချင်းရဲ့ အများဆုံး စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။
ဘရာဂါ အသင်းခေါင်းဆောင်ဟာ ဆီမီးဖိုင်နယ် အတွက် စိတ်လှုပ်ရှားနေပြီး ၂၀၁၁ ခုနှစ်က ပေါ်တိုနဲ့ အတူ ချန်ပီယံ ဖြစ်ခဲ့ဖူးတဲ့ မော်တင်ညိုကို နောက်ထပ် ယူရိုပါလိဂ် ဆုတံဆိပ် တစ်ခု လက်ဆောင်ပေးလိုတဲ့ စိတ်က အသင်း၏ စိတ်ဓာတ်ကို ပိုမို မြှင့်တင်ပေးခဲ့ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။
“ဒီဆီမီးဖိုင်နယ်ကို ကစားဖို့ အသင်းက အရမ်း စိတ်အားထက်သန်နေတယ်လို့ ခံစားရပါတယ်။ ဒီပွဲရဲ့ အရေးပါပုံနဲ့ ပေါ်တူဂီ အသင်း တစ်သင်း ဥရောပ ဗိုလ်လုပွဲကို ရောက်ရှိခြင်းရဲ့ အရေးပါမှုကို ကျွန်တော်တို့ အားလုံး နားလည်ထားတယ်လို့ ထင်ပါတယ်” လို့ ဟော်တာက ပြောပါတယ်။
ဆက်လက်ပြီး “အသင်းက ဒါကို သိထားပါတယ်။ ကျွန်တော်တို့ အရမ်း စိတ်အားထက်သန်နေပြီး ကွင်းထဲမှာ ကျွန်တော် တို့ရဲ့ အရည်အသွေးတွေကို ပြသနိုင်ဖို့အတွက် ပွဲစဖို့ နည်းနည်းတော့ စိတ်လှုပ်ရှားနေမိတယ်။ ပွဲကောင်း တစ်ပွဲ ကစားဖို့ အတွက် အားလုံး ပြင်ဆင်ထားပြီးပါပြီ။ ကျွန်တော့် အတွက်တော့ ပွဲမစခင်တိုင်းမှာ အမြဲပဲ စိတ်လှုပ်ရှားမှု ရှိတတ်ပါတယ်။ ဒီကလပ် အတွက် ဆီမီးဖိုင်နယ် ပထမဆုံး အကြိမ် ကစားရတာ ဖြစ်ပေမယ့် တခြားပွဲတွေ လိုပဲ သဘောထားပြီး အသင်းကို ကူညီကာ နောက်ဆုံးမှာ အနိုင်ရအောင် ကစားချင်ပါတယ်။ ယာအို မော်တင်ညို ကပဲ ဗိုလ်လုပွဲကို ရောက်ဖူးပြီး ချန်ပီယံ ဖြစ်ဖူးတာကို ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးက ယာအို မော်တင်ညိုကို နောက်တစ်ကြိမ် ချန်ပီယံ ဖြစ်စေချင်တာပါ” လို့ ဟော်တာက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဖရိုင်းဘတ် ကတော့ ဥရောပ ပြိုင်ပွဲ တစ်ခုရဲ့ ဆီမီးဖိုင်နယ်ကို ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ အရှေ့ဂျာမနီ အသင်းတွေ ကိုပါ ထည့်သွင်း ရေတွက်ရင်တော့ ဂျာမနီ ကနေ ဥရောပ အဓိက ပြိုင်ပွဲ ဆီမီးဖိုင်နယ်ဆီ တက်ရောက်နိုင်တဲ့ ၂၆ သင်းမြောက် အသင်း ဖြစ်ပြီး ၂၀၁၉-၂၀ ချန်ပီယံလိဂ်မှာ လိုက်ပ်ဇစ် ပြီးနောက် ပထမဆုံးသော အသင်းလည်း ဖြစ်ပါတယ်။
“ဒီပွဲကို ကစားရတာ ဘယ်လောက် အရေးပါသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဥရောပ ဆီမီးဖိုင်နယ် ဆိုတာ နေ့တိုင်း ရောက်လာတာ မဟုတ်ဘူးလေ။ ကစားသမားတွေဆီမှာ စိတ်လှုပ်ရှားမှုနဲ့ တင်းမာမှုတွေကို ကျွန်တော်တို့ ခံစားရပါတယ်” လို့ ဖရိုင်းဘတ် နည်းပြ ဂျူလီယန် ရှုးစတားက ပြောပါတယ်။
“ကျွန်တော်တို့ ရင်ဆိုင်ရမယ့် အရည်အသွေးကို သိပါတယ်၊ ဒါပေမယ့် ကျွန်တော်တို့ မှာလည်း ကိုယ်ပိုင် စံနှုန်းမြင့်မြင့် ရှိပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက ပြသခဲ့တဲ့ ခြေစွမ်း အတိုင်းပဲ ဒီပွဲ မှာလည်း ဆက်လက် ဖျော်ဖြေချင်ပါတယ်။” လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


