နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

SBO App Welcome Freebet – MM
countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဖိုဒန်ကို ခေါ်ယူချင်နေတဲ့ ဘေယန်၊ ဒမ်းဖရီးစ်ရဲ့ အပြောင်းအရွှေ့ကို ဦးဆောင်နေတဲ့ လစ်ဗာပူးလ် | ပရီးမီးယားလိဂ်

ဒီကနေ့ ညနေခင်းအထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ဘေယန်မြူးနစ် ကတော့ ကွင်းလယ်လူ ဖီးလ် ဖိုဒန်ကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ် ကလပ် ဘက်က ဖိုဒန်ကို စာချုပ်သစ် ချုပ်ဆိုပြီး အသင်းမှာ ဆက်ထိန်းထားဖို့ ကြိုးပမ်းနေပြီလို့ သိရပါတယ်။

နယူးကာဆယ် ကတော့ ကွင်းလယ်လူ ဆန်ဒရို တိုနာလီ အတွက် ပြောင်းရွှေ့ကြေး အမြောက်အမြား အလိုရှိနေတာကြောင့် သူဟာ စီးရီးအေကို ပြန်ဖို့ထက် အာဆင်နယ် (သို့မဟုတ်) မန်စီးတီးကို ပြောင်းရွှေ့ဖို့ ပိုများနေပါတယ်။

နောက်ထပ် သတင်းတွေအရ တိုနာလီ အနေနဲ့ ငှက်ကြားတို့ လာမယ့်ရာသီ ဥရောပ ဝင်ခွင့်မရရင် အသင်း ကနေ ထွက်ခွာဖို့ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အထိ တန်ဖိုးရှိတဲ့ တိုနာလီကို ခေါ်ယူဖို့ ဥရောပထိပ်သီး အသင်းတွေ ဖြစ်ကြတဲ့ ရီးရဲလ်၊ ချဲလ်ဆီး၊ မန်ချက်စတာယူနိုက်တက်၊ မန်စီးတီး၊ အာဆင်နယ် တို့က အပြိုင် စိတ်ဝင်စားနေတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

အကယ်၍ တိုနာလီကို ရောင်းထုတ် ဖြစ်ခဲ့ရင် နယူးကာဆယ်က ဂျူဗင်တပ်စ် ကွင်းလယ်လူ ခီဖရန် သူရမ်ကို ခေါ်ယူမယ့် အပြိုင်အဆိုင်ထဲမှာ ပါဝင်လာနိုင်ပါတယ်။ တဖက် မှာလည်း သူရမ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင်တွေ စတင်နေပါပြီ။ မန်ချက်စတာယူနိုက်တက်က ပြောင်းရွှေ့ကြေး ဘယ်လောက်ရှိမလဲ ဆိုတာ စုံစမ်းနေသလို၊ လစ်ဗာပူးလ် ကလည်း သူ့ကို သဘောကျနေပါတယ်။

ဂျူဗင်တပ်စ် အသင်းဟာ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူ မန်ဝဲလ် အူဂါတေးကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ အူဂါတေးဟာ လာမယ့် အင်္ဂါနေ့မှာ ဂျူဗင်တပ်စ်ရဲ့ Allianz ကွင်းမှာ ကစားရမှာ ဖြစ်လို့ ဂျူဗင်တပ်စ်က ကင်းထောက်တွေ စေလွှတ်ပြီး စောင့်ကြည့်သွားဖို့ စီစဉ်ထားပါတယ်။‌

အင်တာမီလန် နောက်ခံလူ ဒန်ဇယ် ဒမ်းဖရီးစ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ထက် လစ်ဗာပူးလ်က ရှေ့ဆုံး ကနေ ဦးဆောင်နေပါတယ်။

အင်တာမီလန် နောက်ခံလူ ဒန်ဇယ် ဒမ်းဖရီးစ်ကို ခေါ်ယူဖို့ ပရီးမီးယားလိဂ် ထိပ်သီး မန်စီးတီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ထက် လစ်ဗာပူးလ်က ရှေ့ဆုံး ကနေ ဦးဆောင်နေပါတယ်။
ဒမ်းဖရီးစ်ကို ခေါ်ယူဖို့ ရှေ့ဆုံးက ဦးဆောင်နေတဲ့ လစ်ဗာပူးလ်

ချဲလ်ဆီး အသင်းဟာ ဂါဗီ ပါဝင်တဲ့ အလဲအထပ် လုပ်မယ့် အစီအစဉ်သာ ပါရင် အန်ဇို ဖာနန်ဒက်စ်ကို ဘာစီလိုနာထံ ယူရို သန်း ၇၀ ဝန်းကျင်နဲ့ ရောင်းချဖို့ ပြင်ဆင်ထားပါတယ်။

ချဲလ်လ်ဆီးရဲ့ အဓိက ကစားသမား ကိုးလ် ပါးလ်မားကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ တက်တက်ကြွကြွ စုံစမ်းနေပါတယ်။ ဒါပေမယ့် ချဲလ်ဆီးက သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၅၀ အထိ ပေးချေရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

စပို့တင်းလစ္စဘွန်းရဲ့ ဘယ်နောက်ခံလူ မက်ဆီ အာရူဂျိုကို မန်ချက်စတာယူနိုက်တက်က စိတ်ဝင်စားလာပြီး ချဲလ်ဆီး၊ တော့တင်ဟမ်ဟော့စပါး တို့နဲ့ အပြိုင် ခေါ်ယူဖို့ ကြိုးစားနေပါတယ်။

အကယ်၍ အင်တာမီလန်ဟာ သူတို့ရဲ့ နောက်ခံလူ အလက်ဆန်ဒရို ဘတ်စတိုနီကို ရောင်းချခဲ့ရင် အာဆင်နယ်က ရီကာဒို ကာလာဖီအိုရီကို ထိပ်တန်း ပစ်မှတ် အဖြစ် ပြန်လည် ခေါ်ယူဖို့ ကြိုးစားမှာပါ။

အက်စတွန်ဗီလာဟာ အသင်းမှာ အငှားနဲ့ လာကစားနေတဲ့ တောင်ပံ ကစားသမား ဂျေဒန် ဆန်ချိုကို ရာသီကုန်မှာ အပြီးသတ် ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဒေါ့မန်ရဲ့ ပြိုင်ဆိုင်မှုကို ကျော်ဖြတ်ရမှာ ဖြစ်ပါတယ်။

လေဗာကူဆင် ကွင်းလယ်လူ အဲလက်စ် ဂါစီယာကို ဝက်စ်ဟမ်းက သူတို့ရဲ့ ထိပ်တန်း ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။

တူးလော့စ် အသင်းရဲ့ ဗဟိုနောက်ခံလူ ချာလီ ခရက်စ်ဝဲလ်ကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ မန်ချက်စတာယူနိုက်တက်လည်း ပါဝင်လာပါတယ်။

အင်္ဂလန် ဝါရင့် နည်းပြ ရွိုင်း ဟော့ဒ်ဆန်က လိဂ်ချန်ပီယံရှစ် ကလပ် ဘရစ္စတိုးလ်စီးတီး အသင်းရဲ့ အမြဲတမ်း နည်းပြ အဖြစ် ကိုင်တွယ်သွားမှာ မဟုတ်ကြောင်း ပြောခဲ့ပါတယ်။ အသက် ၇၈ နှစ် အရွယ် ဟော့ဒ်ဆန်က နည်းပြဘဝက အနားယူထားပေမယ့် ပြီးခဲ့တဲ့ အပတ်က ဘရစ္စတိုးလ်စီးတီး နည်းပြ အဖြစ် ရာသီကုန် အထိ ခန့်အပ်ခံရကာ နည်းပြလောကထဲ ပြန်ရောက်လာတာပါ။ ၎င်း အနေနဲ့ ၂၀၂၄ ခုနှစ်က ခရစ္စတယ်ပဲလေ့စ်နဲ့ လမ်းခွဲပြီးနောက် နည်းပြ ရာထူးနဲ့ ကင်းကွာနေခဲ့တာပါ။ ဘရစ္စတိုးလ်စီးတီးဟာ လိဂ်ချန်ပီယံရှစ် ၅ ပွဲဆက် နိုင်ပွဲပျောက်ခဲ့လို့ နည်းပြ စထရူဘာကို ရာထူး ကနေ ထုတ်ပယ်ကာ ဟော့ဒ်ဆန်နဲ့ အစားထိုးခဲ့တာ ဖြစ်တယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်