နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဂျိမ်းစ် ဂါနာက ဗယ်လ်ဗာဒီ အသေးစားလေးလို့ ချီးကျူးလိုက်တဲ့ တူချယ် | နိုင်ငံတကာ ခြေစမ်းပွဲ

အင်္ဂလန် လက်ရွေးစင် အသင်း အတွက် ပထမဆုံး ပွဲထွက် ကစားပေးခဲ့တဲ့ အဲဗာတန် ကွင်းလယ်လူ ဂျိမ်းစ် ဂါနာရဲ့ ခြေစွမ်း အပေါ် နည်းပြ သောမက်စ် တူချယ်က ချီးကျူးလိုက်ပါတယ်။ ဂျိမ်းစ် ဂါနာက ဥရုဂွေးနဲ့ ကစားခဲ့တဲ့ နိုင်ငံတကာ ခြေစမ်းပွဲမှာ သိသိသာသာ ခြေစွမ်းပြနိုင်ခဲ့ပြီး သောမက်စ် တူချယ်က ဗယ်လ်ဗာဒီနဲ့ နှိုင်းယှဉ် ချီးကျူးလိုက်တာ ဖြစ်ပါတယ်။

အဲဗာတန်တို့ ပရီးမီးယားလိဂ် အဆင့် (၇) အတွင်း ဝင်နိုင်ဖို့ ကြိုးပမ်းရာမှာ အဓိကကဏ္ဍ ကနေ ပါဝင်နေတဲ့ ဂါနာက အင်္ဂလန် အသင်းကြီး အတွက် ပထမဆုံးအကြိမ် ခေါ်ယူခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။ သူဟာ ဥရူဂွေးနဲ့ ၁-၁ သရေကျခဲ့တဲ့ ခြေစမ်းပွဲမှာ ဂျော်ဒန် ဟန်ဒါဆန်နဲ့ အတူ ကွင်းလယ်ကို အကောင်းဆုံး ထိန်းကျောင်းနိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာ အင်္ဂလန် အတွက် ဘန် ဝှိုက် ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ပွဲပြီးခါနီးမှာ ဝှိုက်ကြောင့် ပေးလိုက်ရတဲ့ ပင်နယ်တီကို ဗယ်လ်ဗာဒီက အမှားအယွင်းမရှိ ကန်သွင်းပြီး သရေရလဒ် ရယူပေးနိုင်ခဲ့ပါတယ်။

အဲဒီ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဂိုးသွင်းခွင့် ၄ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ဒါဟာ ကွင်းအတွင်း အများဆုံးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ဘက် ဧရိယာအနီး (Final Third) မှာ ဘောလုံး ပေးပို့မှု ၁၅ ကြိမ်နဲ့ အများဆုံး ပြုလုပ်နိုင်ခဲ့သလို၊ တစ်ဦးချင်း ယှဉ်ပြိုင်မှု ၉ ကြိမ်မှာ ၆ ကြိမ် အထိ အနိုင်ရရှိခဲ့ပါတယ်။

အဲဒီ နိုင်ငံတကာ ခြေစမ်းပွဲမှာ ဂိုးသွင်းခွင့် ၄ ကြိမ် ဖန်တီးပေးနိုင်ခဲ့ပြီး ဒါဟာ ကွင်းအတွင်း အများဆုံးလည်း ဖြစ်ပါတယ်။
ဂျိမ်းစ် ဂါနာရဲ့ ခြေစွမ်းကို ချီးကျူးခဲ့တဲ့ သောမက်စ် တူချယ်

ပွဲအပြီး မှာတော့ တူချယ်က ရီးရဲလ်မက်ဒရစ်မှာ ခြေစွမ်းပြနေတဲ့ ဗယ်လ်ဗာဒီနဲ့ ဂါနာကို အခုလို နှိုင်းယှဉ် ပြောကြားခဲ့ပါတယ်။ “ကျွန်တော် တော်တော်လေး ဝမ်းသာပါတယ်။ သူက ကျွန်တော် တို့ရဲ့ ဗယ်လ်ဗာဒီ အသေးစားလေးပါပဲ။ သူက အဆင့် တစ်ခုကို တက်လှမ်းနေပြီ ဖြစ်သလို တော်တော်လေးကို ကောင်းကောင်း ကစားနိုင်ခဲ့ပါတယ်။ သူ့မှာ သဘာဝအတိုင်း ယုံကြည်မှု ရှိပြီး ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုလည်း ကောင်းတာကြောင့် ကောင်းကောင်း ကစားနိုင်မယ် ဆိုတာ ကျွန်တော် သေချာပေါက် သိထားပြီးသားပါ။ သူက ဘောလုံးတွေကို အများကြီး လုယူပေးနိုင်ခဲ့ပါတယ်။” လို့ တူချယ်က ဆိုပါတယ်။

ဒါ့အပြင် ဂါနာ အနေနဲ့ တိုးတက်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတာ ကိုလည်း တူချယ်က အခုလို ထောက်ပြခဲ့ပါတယ်။ “တချို့ အခြေအနေတွေ မှာတော့ သူက ခန္ဓာကိုယ် အနေအထားကို ပိုပြီး လွတ်လွတ်လပ်လပ် ထားနိုင်ဖို့နဲ့ ကွင်းလယ် ကနေ ဘောလုံး ဆွဲထွက်ရာမှာ ပိုပြီး ယုံကြည်မှု ရှိဖို့ လိုပါသေးတယ်။ ပထမပိုင်း နောက်ဆုံး ၁၀ မိနစ်လောက်မှာ ဘောလုံး အဆုံးသတ် တချို့ မှားယွင်းခဲ့တာကြောင့် ယုံကြည်မှု အနည်းငယ် ကျဆင်းသွားခဲ့တာ ရှိပါတယ်။ ဒါပေမယ့် ခြုံငုံကြည့်ရင်တော့ သူ လေ့ကျင့်ခန်းဆင်းတဲ့ ပုံစံနဲ့ အပြုအမူတွေ အပေါ် ကျွန်တော် တော်တော်လေး အထင်ကြီးမိပါတယ်။ သူ ကစားသွားတာ ကောင်းပါတယ်။”

ပြီးခဲ့တဲ့ နိုဝင်ဘာလက အဲလ်ဘေးနီးယားကို ၂-၀ နဲ့ အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ လူစာရင်း ကနေ ၁၁ ယောက်စလုံးကို အပြောင်းအလဲလုပ်ပြီး ပွဲထုတ်ခဲ့တဲ့ တူချယ်ရဲ့ ဆုံးဖြတ်ချက် အပေါ် ဝေဖန်မှု တချို့ ရှိခဲ့ပါတယ်။ ဒါပေမယ့် အင်္ဂါနေ့မှာ ဝင်ဘလေမှာ ဂျပန်နဲ့ ထပ်မံကစားရမယ့် နိုင်ငံတကာ ခြေစမ်းပွဲ မတိုင်ခင် အခုပွဲ ကနေ များစွာ သင်ယူနိုင်ခဲ့တယ်လို့ တူချယ်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

“ပြိုင်ဘက်က အင်အားတောင့်တင်းတာကြောင့် ကျွန်တော် အများကြီး သင်ယူခွင့်ရခဲ့ပါတယ်။ ကစားသမားတွေရဲ့ အသေးစိတ် တုံ့ပြန်ပုံတွေကို ကြည့်ရင် အဆင့်အတန်း တစ်ခုကို မြင်နိုင်ပါတယ်။ ကွင်းလယ်မှာ မန်ဝဲလ် အူဂါတေးတို့၊ ဗယ်လ်ဗာဒီ တို့လို ကစားသမားတွေနဲ့ ရင်ဆိုင်ကစားရတဲ့ အခါ သူတို့ရဲ့ အဆင့်အတန်းက ဘယ်လောက်ရှိတယ် ဆိုတာ မြင်နိုင်ပါတယ်။” လို့ တူချယ်က ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်