နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကန်းဆက်စီးတီးကို အိမ်သဖွယ်ဖန်တီးပြီး ကမ္ဘာ့ဖလား အိပ်မက်ကို အကောင်အထည်ဖော်မယ့် တူချယ်

အင်္ဂလန် နည်းပြ သောမတ်စ် တူချယ်က ကန်းဆက်စီးတီးကို သူတို့ အသင်းရဲ့ ကမ္ဘာ့ဖလား အခြေစိုက် စခန်း အဖြစ် ရွေးချယ်လိုက်တာဟာ အသင်းသားတွေ အတွက် အိမ်မှာ နေရသလို ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်လို့ ဆိုလိုက်ပါတယ်။ ဒါဟာ အင်္ဂလန်တို့ ကမ္ဘာ့ဖလား ချန်ပီယံဆုကို ဆွတ်ခူးနိုင်ဖို့ အထောက်အကူပြုလိမ့်မယ်လို့ တူချယ်က ယုံကြည်နေပါတယ်။

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ အင်္ဂလန် လက်ရွေးစင် အသင်းဟာ အုပ်စု (L) မှာ ပနားမား၊ ဂါနာ၊ ခရိုအေးရှား တို့နဲ့အတူ ကျရောက်နေပြီး ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်ပါတယ်။ အမေရိကန်၊ ကနေဒါနဲ့ မက္ကစီကို သုံးနိုင်ငံ ပူးတွဲ အိမ်ရှင် အဖြစ် လက်ခံ ကျင်းပမယ့် ဒီပြိုင်ပွဲဟာ သမိုင်းတစ်လျှောက် အကြီးမားဆုံး ဖြစ်သလို နိုင်ငံ အသီးသီး အတွက်လည်း ခရီးသွားလာမှုပိုင်း ဆိုင်ရာ အတွက် စိန်ခေါ်မှု များစွာ ရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်က ဂျာမနီမှာ ကျင်းပခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲတုန်း ကလည်း အင်္ဂလန် လက်ရွေးစင် အသင်းဟာ ဂျာမနီ နိုင်ငံ အလယ်ပိုင်းက ဝေမာမြို့ အနီးမှာ အခြေစိုက်ခဲ့သလိုပဲ၊ အခုလည်း အလားတူ ဗျူဟာကို သုံးထားတာပါ။ အုပ်စု ပွဲစဉ်တွေ အတွက် ဒါးလက်စ်၊ ဘော့စတွန်နဲ့ နယူးဂျာစီမြို့တွေကို သွားရောက် ကစားရမှာ ဖြစ်ပေမဲ့ အသင်းဟာ ကန်းဆက်စီးတီးမှာပဲ အမြဲတမ်း ပြန်လည် အခြေစိုက်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲ တစ်လျှောက်လုံး မြို့တွေ လှည့်မနေဘဲ ကန်းဆက်စီးတီးမှာပဲ ဘာကြောင့် အခြေစိုက်တာလဲလို့ မေးမြန်းရာမှာ တူချယ်က အခုလိုပဲ ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်တို့ ကန်းဆက်မှာပဲ တတ်နိုင်သမျှ အခြေချဖို့ ကြိုးစားသွားမှာပါ။ အဓိက ကတော့ ကစားသမားတွေ အတွက် အကျွမ်းတဝင် ရှိတဲ့ ကုတင်၊ ကောင်းမွန်တဲ့ မွေ့ရာ ရှိတဲ့ ကိုယ်ပိုင် အိမ်တစ်လုံးလို ခံစားရအောင် ဖန်တီးပေးချင်လို့ပါ။” လို့ ဆိုပါတယ်။

ဆက်လက်ပြီး တူချယ်က အခန်းပေါင်း ရာနဲ့ချီ ရှိတဲ့ ဟိုတယ်ကြီးတွေထက် လေဝင်လေထွက် ကောင်းပြီး ပြတင်းပေါက် ဖွင့်လို့ ရတဲ့၊ သီးသန့်ဆန်ပြီး ကျဉ်းကျဉ်းဝန်းဝန်းရှိတဲ့ ဟိုတယ်မျိုးကို ရွေးချယ်ခဲ့တာက ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ကွာခြားစေလိမ့်မယ်လို့ ဆိုပါတယ်။ ဇွန်လ အစောပိုင်းမှာ အင်္ဂလန်က ဖလော်ရီဒါ ပြည်နယ်မှာ လေ့ကျင့်ရေး စခန်းသွင်းပြီး နယူးဇီလန်၊ ကော်စတာရီကာ တို့နဲ့ ခြေစမ်းပွဲတွေ ကစားဖို့လည်း ရှိနေပါတယ်။

အဲဒီနောက် အင်္ဂလန်က ဇွန်လ ၁၇ ရက်မှာ ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလား ပထမဆုံး အုပ်စု ပွဲစဉ်ကို အာလင်တန်မှာ စတင် ကစားရမှာ ဖြစ်ပါတယ်။ ဇွန်လ ၂၃ ရက်မှာ ဒုတိယ ပွဲစဉ် အဖြစ် ဂါနာနဲ့ မန်ဆာချူးဆက်မှာ ကစားရမှာ ဖြစ်ပြီး ဇွန် ၂၈ ရက် မှာတော့ အုပ်စု နောက်ဆုံး ပွဲစဉ် အဖြစ် နယူးဂျာဆီမှာ ကစားရမှာ ဖြစ်ပါတယ်။

တူချယ်ရဲ့ အဆိုအရ ကစားသမားတွေဟာ ပြိုင်ပွဲကို နောက်ကျမှ စတင်ရတာကို သဘောကျကြပြီး အဲဒီနောက်ပိုင်း မှာတော့ ပွဲစဉ်တွေက စိပ်လာမှာ ဖြစ်လို့ ပျင်းဖို့တောင် အချိန်ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ “လေယာဉ်စီးရတာတွေ၊ လေဆိပ်မှာ အချိန်ကုန်ရတာတွေ အများကြီး ရှိလာပါလိမ့်မယ်။ အဲဒီအချိန်တွေမှာ အသင်းသားတွေ ကြားက ရင်းနှီးမှုနဲ့ စည်းလုံးမှုက အရေးအကြီးဆုံးပါပဲ။” လို့ တူချယ်က ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်