နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဘန်လေကို ဂိုးပြတ် အနိုင်ယူပြီး ဥရောပဝင်ခွင့် မျှော်လင့်ချက် အားကောင်းလာတဲ့ ဖူလ်ဟမ် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ မှာတော့ ဖူလ်ဟမ်က ၁၀ ယောက်ကျန် ဘန်လေကို နောက်ကနေ လိုက်ကစားပြီး ၃-၁ ရလဒ်နဲ့ အနိုင်ယူကာ ဥရောပဝင်ခွင့် မျှော်လင့်ချက်ကို ဆက်လက် ထိန်းထားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ဖူလ်ဟမ်က ဘန်လေကို အဘက်ဘက်က ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ပြီး သက်တောင့်သက်သာ နိုင်ပွဲ တစ်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။

 

ပွဲစဉ်အကျဉ်း

ဒီပွဲမှာ ဖူလ်ဟမ်ရဲ့ လူငယ်ကစားသမား ဂျော့ရှ်ကင်းက တစ်ဂိုးသွင်း၊ တစ်ဂိုး ဖန်တီးပေးကာ အကောင်းဆုံး ခြေစွမ်းပြခဲ့ပါတယ်။ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဘန်လေဟာ ပွဲချိန် မိနစ် ၆၀ မှာ ဦးဆောင်ဂိုး ရခဲ့ပေမယ့် နောက်ဆုံး မှာတော့ ရှုံးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ ပိုမိုနီးစပ်သွားခဲ့ပါတယ်။ ပွဲအစမှာ ဘန်လေ တိုက်စစ်မှူး ဖလမ်းမင်းရဲ့ ခေါင်းတိုက်ချက်ကို ဖူလ်ဟမ် ဂိုးသမား ဘန် လန်နို ကာကွယ်နိုင်ခဲ့သလို၊ တစ်ဖက် မှာလည်း ဟယ်ရီ ဝီလ်ဆင်ရဲ့ ကန်ချက်ကို ဘန်လေ ဂိုးသမား မာတင် ဒူဘရပ်ဗ်ကာ တားဆီးနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ မိနစ် ၆၀ မှာတော့ ဘန်လေတို့ အဖွင့်ဂိုး ရခဲ့ပါတယ်။ ဖော်စတာရဲ့ ဖြတ်တင်ဘော ကနေ ဇီယန် ဖလမ်းမင်းက အပိုင် ကန်သွင်းပြီး ပွဲကို ဦးဆောင်ခဲ့တာပါ။ ၇ မိနစ် အကြာမှာပဲ ဂိုးသမား ဒူဘရပ်ဗ်ကာ ဘောလုံး ဖမ်းရာမှာ အမှားအယွင်း ဖြစ်ခဲ့တာကို အခွင့်ကောင်းယူပြီး ဂျော့ရှ်ကင်းက တဖက်လှည့်ကန်ကာ ချေပဂိုး သွင်းယူခဲ့ပါတယ်။ အဲဒီနောက် ကင်းရဲ့ ဖန်တီးပေးမှုက တဆင့် ဟယ်ရီ ဝီလ်ဆင် က အနီးတိုင်ထဲကို ကန်သွင်းပြီး ဖူလ်ဟမ် အတွက် ဦးဆောင်ဂိုး ရယူပေးခဲ့ပါတယ်။

ပွဲပြီးခါနီး ၉၀+၅ မိနစ်မှာ ဘန်လေ နောက်ခံလူ ဂျော့ရှ် လောရန့်က ရာအူးလ် ဟင်မီနက်ဇ်ကို ဂိုးဧရိယာ အတွင်း တွန်းလှဲခဲ့လို့ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံရပြီး ပင်နယ်တီလည်း ပေးခဲ့ရပါတယ်။ အဲဒီ ပင်နယ်တီ ကိုတော့ ဟင်မီနက်ဇ် ကပဲ အမှားအယွင်း မရှိ ကန်သွင်းပြီး ဖူလ်ဟမ်ကိုကို အပြတ်အသတ် အနိုင်ရစေခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဘန်လေဟာ ပွဲချိန် မိနစ် ၆၀ မှာ ဦးဆောင်ဂိုး ရခဲ့ပေမယ့် နောက်ဆုံး မှာတော့ ရှုံးနိမ့်ခဲ့ရပြီး ပရီးမီးယားလိဂ် ကနေ တန်းဆင်းရဖို့ ပိုမိုနီးစပ်သွားခဲ့ပါတယ်။
ပရီးမီးယားလိဂ်မှာ နိုင်ပွဲတွေ ဆက်တိုက် ပျောက်ဆုံးနေတဲ့ ဘန်လေ

ဒီပွဲမှာ အသက် ၁၉ နှစ်နဲ့ ၇၇ ရက်သာ ရှိသေးတဲ့ ဂျော့ရှ်ကင်း က ထူးခြားတဲ့ စံချိန်တစ်ခု တင်နိုင်ခဲ့ပါတယ်။ ကင်းဟာ ဖူလ်ဟမ် အသင်းသမိုင်းမှာ ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ အတွင်း ဂိုးသွင်းယူနိုင်သလို ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်တဲ့ ဒုတိယမြောက် အသက်အငယ်ဆုံး ကစားသမား ဖြစ်လာပါတယ်။ (ပထမနေရာ မှာတော့ ၂၀၀၄ ခုနှစ်က ကောလင်း ဂျွန်က ၁၈ နှစ်နဲ့ ၁၇၈ ရက်နဲ့ စံချိန်တင်ထားတာပါ)။ ဖူလ်ဟမ် အသင်းဟာ ပွဲချိန် မိနစ် ၆၀ အထိ ဂိုးပေးထားရပြီးမှ ပြန်လည် အနိုင်ရခဲ့တာ ဖြစ်ပြီး ဒါဟာ သူတို့ အသင်းသမိုင်းမှာ အချိန်အနှောင်းဆုံး ဂိုးပေးထားရပြီးမှ ပြန်လာနိုင်တဲ့ တတိယမြောက် ပွဲစဉ် ဖြစ်ပါတယ်။

ဘန်လေ အတွက်တော့ အဖွင့်ဂိုးကို အချိန်အနှောင်းဆုံး သွင်းယူနိုင်ခဲ့ပြီးမှ ပြန်ရှုံးတဲ့ ပွဲစဉ် ဖြစ်သွားပါတယ်။ ဒီပွဲမှာ နှစ်သင်းက ခြေစွမ်းပိုင်း ကွာခြားချက် ကြီးမားခဲ့ပြီး ဒီပွဲမှာ ဖူလ်ဟမ်က ဂိုးကန်သွင်းချက် ၂၂ ကြိမ် အထိ ရှိခဲ့ပြီး မျှော်မှန်းဂိုး (xG) ၃.၂၃ အထိ ရှိခဲ့တာကြောင့် ခြေစွမ်းအရ သိသိသာသာ အသာစီးရခဲ့တာ ထင်ရှားပါတယ်။

ဒီနိုင်ပွဲကြောင့် ဖူလ်ဟမ် ကတော့ ဥရောပ ဝင်ခွင့်အတွက် အခြေအနေ ကောင်းသွားခဲ့ပြီ ဖြစ်ပါတယ်။ ဖူလ်ဟမ်က လက်ရှိမှာ အဆင့် ၅ နေရာက လစ်ဗာပူးလ်နဲ့ ၅ မှတ်သာ ကွာဟနေပြီး ယူရိုပါလိဂ် သို့မဟုတ် ယူရိုပါကွန့်ဖရင့်လိဂ်တွေ ဝင်ခွင့်ရဖို့ ပိုမို နီးစပ်နေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်