နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဝဲလ်ဘက်ခ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ လစ်ဗာပူးလ်ရဲ့ ချန်ပီယံလိဂ် မျှော်လင့်ချက်ကို ရိုက်ချိုးလိုက်တဲ့ ဘရိုက်တန် | ပရီးမီးယားလိဂ်

မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ မှာတော့ ဘရိုက်တန်က လစ်ဗာပူးလ်ကို ဒန်နီ ဝဲလ်ဘက်ခ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ အတူ အနိုင်ရရှိခဲ့ပါတယ်။ လစ်ဗာပူးလ် ကတော့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တာကြောင့် ပရီးမီးယားလိဂ် အဆင့် (၄) အတွင်း ဝင်ရောက်နိုင်မယ့် အခွင့်အရေးကို ထပ်မံ လက်လွှတ်ခဲ့ရပါတယ်။

ပွဲစဉ်အကျဉ်း

ဒီပွဲမှာ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ လစ်ဗာပူးလ် အသင်းဟာ ဘရိုက်တန်ကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကြောင့် သူတို့ရဲ့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်တွေ ထပ်မံ ထိခိုက်ခဲ့ရပါတယ်။ ဒန်နီ ဝဲလ်ဘက်ခ်ဟာ ပွဲချိန် ၁၄ မိနစ်နဲ့ ၅၆ မိနစ်တွေမှာ ဂိုးတွေ သွင်းယူခဲ့ပြီး လစ်ဗာပူးလ် အတွက် တစ်လုံးတည်းသော ချေပဂိုး ကိုတော့ ပထမပိုင်းမှာ မီလော့စ် ကာကက်ဇ်က သွင်းယူပေးခဲ့တာပါ။ ဒီရှုံးပွဲဟာ လစ်ဗာပူးလ် အတွက် ဒီရာသီ ၁၀ ကြိမ်မြောက် ပရီးမီးယားလိဂ် ရှုံးပွဲလည်း ဖြစ်ခဲ့ပါတယ်။

လစ်ဗာပူးလ်ဟာ ဒဏ်ရာကြောင့် အဓိက ကစားသမားတွေ ဖြစ်တဲ့ အလီဆွန်နဲ့ မိုဟာမက် ဆာလာတို့ မပါဝင်နိုင်တဲ့ အပြင် ပွဲစကတည်းက တိုက်စစ်မှူး ဟူဂို အစ်ကီတီကေး ဒဏ်ရာရသွားလို့ ကာတစ် ဂျုံးစ်နဲ့ လူစားလဲခဲ့ရပါတယ်။ ပွဲချိန် ၁၄ မိနစ်မှာ ဂိုးသမား မာမာဒက်ရှ်ဗီလီရဲ့ ပေးပို့မှုကို ကွန်နာတေး အမှားအယွင်း လုပ်ခဲ့ရာက တဆင့် ဝဲလ်ဘက်ခ်က ခေါင်းတိုက် သွင်းယူခဲ့ပါတယ်။ ပွဲချိန် မိနစ် ၃၀ မှာ လစ်ဗာပူးလ်တို့ ချေပဂိုး ရခဲ့ပါတယ်။ ဂိုးသမားရဲ့ ကန်တင် ပေးပို့မှုကို ဘရိုက်တန် နောက်ခံလူ လူးဝစ် ဒန့်ခ် ခေါင်းတိုက် ဖျက်ထုတ်ရာမှာ အမှားအယွင်း ဖြစ်ပြီး ကာကက်ဇ်က ဂိုးသမားပေါ် ကျော်ပြီး သွင်းယူခဲ့တာပါ။ ဒုတိယပိုင်းမှာ ဘရိုက်တန်က ပိုမို ဖိအားပေးလာပြီး မင်တာ့ရ်ရဲ့ ဖြတ်တင်ဘောကို ဟင်ရှဲလ်ဝုဒ် ခေါင်းတိုက်ချပေးရာ ကနေ ဝဲလ်ဘတ်က အနီးကပ် ပိတ်သွင်းပြီး အနိုင် သေချာစေခဲ့ပါတယ်။

 

ပွဲပြီးအချက်အလက်နဲ့ မှတ်တမ်းများ

ဒီရှုံးပွဲကြောင့် လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် Top 4 မျှော်လင့်ချက်ဟာ တော်တော်လေး ခက်ခဲသွားခဲ့ပြီလို့ ဆိုရပါမယ်။
လစ်ဗာပူးလ်ကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အဆင့် ၁၀ နေရာကို ရောက်ရှိလာတဲ့ ဘရိုက်တန်

လစ်ဗာပူးလ်ဟာ ကြားရက်က ဂါလာတာဆာရေးကို အနိုင်ရထားလို့ ယုံကြည်မှု ရှိနေပေမယ့် ပရီးမီးယားလိဂ် မှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် ရရှိရေးက အခြေအနေ ဆိုးသွားခဲ့ပါတယ်။ လစ်ဗာပူးလ်ဟာ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် တစ်ရာသီ အတွင်း ရှုံးပွဲ ၁၀ ပွဲ အထိ ကြုံတွေ့ခဲ့ရတာပါ။ ဒါဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် လက်ရှိ ချန်ပီယံ တစ်သင်း အနေနဲ့ ၁၀ ပွဲနဲ့ အထက် ရှုံးနိမ့်တဲ့ ၇ ကြိမ်မြောက် ဖြစ်ရပ်လည်း ဖြစ်ပါတယ်။

၂၀၂၅-၂၀၂၆ ရာသီမှာ လစ်ဗာပူးလ်ဟာ ၄၂ ဂိုး အထိ ခွင့်ပြုပေးထားရပြီး ဒါဟာ ပြီးခဲ့တဲ့ နှစ်ရာသီ (၄၁ ဂိုးစီ) ထက် ပိုမိုများပြားနေတာပါ။ ဒီအခြေအနေ ကိုတော့ အာနေး ဆလော့တ် အနေနဲ့ အမြန်ဆုံး ပြင်ဆင်ဖို့ လိုအပ်နေပြီ ဖြစ်ပါတယ်။  ဘရိုက်တန်ဟာ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲ အထိ အနိုင်ရထားပါတယ်။ ဒီပွဲ မှာလည်း ဘရိုက်တန်ရဲ့ မျှော်မှန်းဂိုး (xG) က ၂.၃ ရှိခဲ့ပြီး လစ်ဗာပူးလ်ရဲ့ ၁.၀၃ ထက် သိသိသာသာ သာလွန်ခဲ့တာကြောင့် ထိုက်ထိုက်တန်တန် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

ဒီရှုံးပွဲကြောင့် လစ်ဗာပူးလ်ရဲ့ ပရီးမီးယားလိဂ် Top 4 မျှော်လင့်ချက်ဟာ တော်တော်လေး ခက်ခဲသွားခဲ့ပြီလို့ ဆိုရပါမယ်။ ဒါပေမယ့် တဖက်မှာ ဘရိုက်တန် ကတော့ အဆင့် ၁၀ နေရာကို ရောက်ရှိလာခဲ့ပြီး ဥရောပဝင်ခွင့် တစ်နေရာ အတွက် မျှော်လင့်လာနိုင်ပြီ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်