ဘရိုက်တန် – လစ်ဗာပူးလ်
ချန်ပီယံလိဂ်မှာ အားရကျေနပ်စရာ နိုင်ပွဲ တစ်ပွဲ ရယူအပြီး မှာတော့ လစ်ဗာပူးလ်က ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် Amax မှာ ဘရိုက်တန်နဲ့ သွားရောက် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အန်ဖီးလ်မှာ ဘရိုက်တန်ကို ၂-၀ နဲ့ အနိုင်ရခဲ့တာကြောင့် အခုပွဲမှာပါ ထပ်နိုင်ခဲ့ရင်တော့ လစ်ဗာပူးလ် အနေနဲ့ ၂၀၁၉-၂၀၂၀ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံးအကြိမ် အဖြစ် ဘရိုက်တန်ကို တစ်ရာသီအတွင်း အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ရရှိတဲ့ မှတ်တမ်းကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ဘရိုက်တန်
ဘရိုက်တန်ဟာ ဒီဇင်ဘာလ အစကတည်းက ပရီးမီးယားလိဂ် ၁၃ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိခဲ့ပြီး ရလဒ်တွေ ဆိုးရွားခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲ အထိ ပြန်လည် အနိုင်ရရှိလာတာကြောင့် ခြေစွမ်း ပြန်တက်လာတယ်လို့ ဆိုရမှာပါ။ ဖာဘီယန် ဟာဇယ်လာရဲ့ အသင်းဟာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ အပတ်က ဆန်းဒါးလန်းကို ၁-၀ ဂိုးနဲ့ အနိုင်ယူပြီး ချက်ချင်း ပြန်လာနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဘရိုက်တန်ဟာ ရမှတ် ၄၀ နဲ့ အဆင့် ၁၂ နေရာမှာ ရှိနေပြီး ရာသီကုန်ဖို့ ၈ ပွဲ အလိုမှာ အဆင့် ၇ အတွင်းက အသင်းတွေနဲ့ ၅ မှတ်သာ ကွာဟပါတော့တယ်။ ဘရိုက်တန်တို့ ဒီတစ်ပတ်မှာ လစ်ဗာပူးလ်ကို ထပ်မံ အသာရချင်ရင်တော့ ဘရိုက်တန် အနေနဲ့ ပွဲအစပိုင်းမှာ ဂိုးမပေးရအောင် ထိန်းချုပ်နိုင်ဖို့ အရေးကြီးပါတယ်။ သူတို့ဟာ ဒီရာသီမှာ ပထမပိုင်းမှာ ပေးဂိုး (၁၉ ဂိုး) က ဒုတိယပိုင်း ပေးဂိုး (၁၇ ဂိုး) ထက် ပိုများနေတဲ့ အသင်း ၃ သင်းထဲက တစ်သင်း ဖြစ်နေလို့ပါပဲ။
လစ်ဗာပူးလ်
တစ်ဖက် မှာတော့ လစ်ဗာပူးလ်ဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့မှာ ဂါလာတာဆာရေးကို ၄-၀ နဲ့ အပြတ်အသတ် အနိုင်ယူပြီး ကွာတားဖိုင်နယ်မှာ လက်ရှိ ချန်ပီယံ ပီအက်စ်ဂျီနဲ့ တွေ့ဆုံဖို့ အဆင့်သင့်ဖြစ်နေပါပြီ။ နည်းပြ အာနေး ဆလော့တ် အတွက်တော့ ဒါက “ပြီးပြည့်စုံတဲ့ ပွဲတစ်ပွဲ” ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တပတ်က တန်းဆင်းဇုန်နားက စပါးကို ၁-၁ ဂိုးနဲ့ သရေကျခဲ့တာကြောင့် ဖိအားတွေ ရှိနေခဲ့ပေမယ့် ချန်ပီယံလိဂ် နိုင်ပွဲက ဆလော့တ် အတွက် အသက်ရှူချောင်စေခဲ့ပါတယ်။ ဒါပေမယ့် လစ်ဗာပူးလ်ဟာ ပရီးမီးယားလိဂ် နောက်ဆုံး ၁၂ ပွဲမှာ ၄ ပွဲသာ အနိုင်ရထားပြီး (၅ ပွဲသရေ၊ ၃ ပွဲရှုံး)၊ လက်ရှိမှာ အဆင့် ၅ နေရာကို ရောက်ရှိနေပါတယ်။ အဆင့် ၆ က ချဲလ်ဆီးနဲ့ ၁ မှတ်၊ အဆင့် ၄ က အက်စတွန်ဗီလာနဲ့ ၂ မှတ်သာ ကွာဟတော့တာကြောင့် ကျန်ရှိတဲ့ ၈ ပွဲမှာ အမှားအယွင်း မရှိဖို့ လိုအပ်နေပါတယ်။
နှစ်ဖက်အသင်း သတင်းများ

ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရိုက်တန် – ဗာဘရက်ဂျန်၊ ဝိုင်ဖာ၊ ဒန့်ခ်၊ ဗန်ဟက်ကီ၊ ကာဒီယိုလူ၊ အယာရီ၊ ဘယ်လီဘာ့၊ ဂိုးမက်ဇ်၊ ဂရော့စ်၊ မင်တာ့ရ်၊ ဝဲလ်ဘက်ခ်
လစ်ဗာပူးလ် – အလီဆွန်၊ ဖရင်မ်ပေါင်၊ ကိုနာတေး၊ ဗန်ဒိုက်ခ်၊ ရော်ဘတ်ဆန်၊ မက် အယ်လစ္စတာ၊ ဂရာဗန်ဘက်ချ်၊ ဆာလာ၊ ဆို့ဘို့ဇ်ဆလိုင်း၊ ဗစ်ဇ်၊ အစ်ကီတီကေး
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဥရောပဝင်ခွင့် မျှော်လင့်ချက် ရှိနေသေးတဲ့ ဘရိုက်တန်ဟာ လစ်ဗာပူးလ်နဲ့ နောက်ဆုံး တွေ့ဆုံခဲ့တဲ့ အိမ်ကွင်း ၃ ပွဲမှာ ၂ ပွဲ အထိ အနိုင်ရရှိထားပါတယ်။ အရင်တုန်းကတော့ လစ်ဗာပူးလ်နဲ့ ၁၃ ကြိမ် တွေ့ဆုံရာမှာ ၁ ပွဲသာ အနိုင်ရခဲ့တာပါ။ ပြီးခဲ့တဲ့ရာသီက Amaxမှာ ကစားခဲ့တဲ့ ဒီပွဲစဉ်မှာ ဘရိုက်တန်က ၃-၂ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ ဘရိုက်တန်နဲ့ တွေ့ဆုံမှုတွေ မှာတော့ လစ်ဗာပူးလ်က အသာစီးရထားပါတယ်။ ပြီးခဲ့တဲ့လက အက်ဖ်အေဖလား ပဉ္စမအဆင့်မှာ ၃-၀ နဲ့ နိုင်ခဲ့တာ အပါအဝင် စုစုပေါင်း ၂ ပွဲမှာ ဂိုးမပေးရဘဲ ၅ ဂိုးသွင်းပြီး အနိုင်ရထားတာပါ။ အကယ်၍ ဒီပွဲမှာသာ ဂိုးမပေးရဘဲ ထပ်နိုင်ခဲ့ရင် ၂၀၂၁-၂၀၂၂ ရာသီမှာ အာဆင်နယ်ကို နိုင်ခဲ့သလိုမျိုး တစ်ရာသီတည်းမှာ ပြိုင်ဘက် တစ်သင်းတည်းကို ဂိုးမပေးရဘဲ ၃ ပွဲ ဆက်တိုက် အနိုင်ရတဲ့ မှတ်တမ်းကောင်းကို ပြန်လည် ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၂.၈၃ ဆ၊ လစ်ဗာပူးလ် နိုင်ရင် ၂.၂၅ ဆ၊ သရေ ဆိုရင်တော့ ၃.၂၉ ဆ ရရှိမှာ ဖြစ်ပါတယ်။ ဟန်းဒီးကပ် မှာတော့ ဒဲ့ကြေးလောက်ပဲ ပေါက်နေပါတယ်။ ဘရိုက်တန်ဟာ နောက်ပိုင်း ပွဲစဉ်တွေမှာ ရလဒ်ကောင်းတွေ ပြန်လည် ရရှိလာတာကြောင့် အခုလာမယ့် စနေနေ့ ပွဲစဉ်ကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အပြည့်နဲ့ ရင်ဆိုင်လာမှာ ဖြစ်ပါတယ်။ အကယ်၍ ဒီပွဲမှာ လစ်ဗာပူးလ်ကို အနိုင်ယူပြီး စံချိန်တင်နိုင်ခဲ့ရင် သူတို့ရဲ့ ဥရောပဝင်ခွင့် မျှော်လင့်ချက်ကို သိသိသာသာ အားကောင်းလာစေမှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း လစ်ဗာပူးလ်က ဒီရာသီ ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ် ၆ ပွဲအထိ ရှုံးနိမ့်ထားပါတယ်။ နှစ်သင်းစလုံးက သက်ဆိုင်ရာ မျှော်လင့်ချက်တွေ အတွက် အားစိုက်လာမှာ ဖြစ်လို့ အကြိတ်အနယ် ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ။ ဒီပွဲမှာတော့ လစ်ဗာပူးလ် ဘက်ကပဲ မျှော်လင့်ထားချင်မိပါတယ်။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၁-၂ လစ်ဗာပူးလ်
| ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် ( |
|||
|---|---|---|---|
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


