နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ဗီလာကို ဂိုးပြတ် အနိုင်ယူပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေကောင်းသွားတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

မန်ချက်စတာယူနိုက်တက် ကတော့ မနေ့ညကပွဲမှာ Top 4 အတွက် အပြိုင်အဆိုင် ဖြစ်နေတဲ့ အက်စတွန်ဗီလာကို အနိုင်ယူပြီး ပရီးမီးယားလိဂ် အဆင့် (၃) နေရာမှာ ပိုမို ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပါတယ်။ 

ယူနိုက်တက်ဟာ ၂-၁ ရလဒ်နဲ့ ဦးဆောင်နေချိန်အထိ အက်စတွန်ဗီလာရဲ့ ဖိအားပေးခြင်း ခံခဲ့ရပေမယ့် လူစားဝင် တိုက်စစ်မှူး ဘင်ဂျမင် ဆက်စ်ကိုက ယူနိုက်တက် အတွက် နောက်ကျဂိုးကို ထပ်မံသွင်းယူပေးခဲ့တာကြောင့် အိုးထရက်ဖို့ဒ်မှာ ၃-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေ ကောင်းသွားခဲ့တာပါ။ ပွဲမစခင်မှာ နှစ်သင်း စလုံး ရမှတ်တူ ဂိုးကွာခြားချက်သာ ကွာဟခဲ့ပေမယ့် ကက်စ်မဲရိုး၊ ကူညာနဲ့ ဆက်စ်ကို တို့ရဲ့ ဂိုးတွေကြောင့် ယူနိုက်တက်တို့ ၃ မှတ်ဖြတ်နိုင်ခဲ့ပါတယ်။

 

ပွဲစဉ်အကျဉ်း

ပထမပိုင်းမှာ ယူနိုက်တက်တို့ ပွဲကို စိုးမိုးထားနိုင်ခဲ့ပြီး အာမက်ဒ် ဒီယာလိုရဲ့ ခေါင်းတိုက်ချက်ကို ဗီလာ ဂိုးသမား မာတီနက်ဇ် ကာကွယ်နိုင်ခဲ့သလို၊ ဒီယိုဂို ဒါလော့တ် ရရှိခဲ့တဲ့ အခွင့်အရေးကောင်း တစ်ခု မှာလည်း ဂိုးဘားတန်းပေါ် ကျော်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် Top 4 အတွက် အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်၊ ချဲလ်ဆီး တို့ကလည်း အသီးသီး နိုင်ပွဲ ပျောက်ခဲ့တာက ယူနိုက်တက် အတွက် အခွင့်အရေးကောင်း ဖြစ်လာခဲ့ပါတယ်။
ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တစ်နေရာ အခိုင်အမာ ရယူထားနိုင်ပြီ ဖြစ်တဲ့ မန်ယူနိုက်တက်

ဒုတိယပိုင်း ၅၃ မိနစ် မှာတော့ ယူနိုက်တက်တို့ ဦးဆောင်ဂိုး စတင် ရရှိခဲ့ပါတယ်။ ဘရူနို ဖာနန်ဒက်စ်ရဲ့ ထောင်တင်ပေးလိုက်တဲ့ ထောင့်ကန်ဘောကို ကတ်စ်မဲရိုးက ဗီလာခံစစ်ကြားထဲ ကနေ ပါးပါးလေး ခေါင်းတိုက်ကာ ဂိုးတိုင်ရဲ့ အဝေးထောင့်ထဲကို သွင်းယူပေးခဲ့ပါတယ်။ ဗီလာ အတွက် ချေပဂိုး ကိုတော့ ပွဲချိန် ၆၄ မိနစ်မှာ ပရီးမီးယားလိဂ် ပွဲပေါင်း (၂၀၀) ပြည့်မြောက်တဲ့ ရော့စ် ဘာကလေက သွင်းယူပေးခဲ့ပါတယ်။ အဲဒီနောက် ပွဲချိန် ၇၁ မိနစ်မှာ ယူနိုက်တက်တို့ တန်ပြန် တိုက်စစ် ကနေ တဆင့် ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖန်တီးပေးမှုကို ကူညာက အပိုင်ကန်သွင်းပြီး ဒုတိယ ဦးဆောင်ဂိုး ရယူခဲ့ပါတယ်။

ယူနိုက်တက် အတွက် အနိုင်သေချာစေမယ့် ဂိုးကိုတော့ လူစားဝင်လာတဲ့ ဆက်စ်ကိုက ဗီလာ နောက်ခံလူရဲ့ ရှင်းထုတ်ပုံ အမှား ကနေ တဆင့် ဘောလုံးကို ရယူပြီး လှည့်ကန်သွင်းခဲ့ရာမှာ တိုင်ရွန် မင်းဂ်နဲ့ ထိပြီး ဂိုးထဲဝင်သွားခဲ့တာ ဖြစ်ပါတယ်။

 

မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်

ဘရူနို ဖာနန်ဒက်စ် ကတော့ ဒီပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးမှု (၂) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ သူဟာ ဒီရာသီမှာ ဂိုးဖန်တီးမှု ၁၆ ကြိမ် အထိ ရှိလာခဲ့ပြီး၊ ၁၉၉၉-၀၀ ရာသီက ဒေးဗစ် ဘက်ခမ်း တင်ရှိထားတဲ့ (၁၅) ကြိမ် ဆိုတဲ့ စံချိန်ကို ကျော်ဖြတ်ကာ ယူနိုက်တက် သမိုင်းတစ်လျှောက် တစ်ရာသီ အတွင်း ဂိုးဖန်တီးမှု အများဆုံး ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက် အတွက် ပြိုင်ပွဲစုံ ဂိုးဖန်တီးမှု (၁၀၀) ပြည့်မြောက်သွားခဲ့ပြီး ရွိုင်ယန် ဂစ်၊ ဝိန်း ရွန်နီ၊ ဒေးဗစ် ဘက်ခမ်းတို့ နောက်ပိုင်း (၄) ယောက်မြောက် ဂိုးဖန်တီးမှု ရာပြည့် ကစားသမား ဖြစ်လာပါတယ်။

 

ယာယီ နည်းပြ မိုက်ကယ် ကာရစ်ခ်ရဲ့ အကျိုးသက်ရောက်မှု

နည်းပြ မိုက်ကယ် ကာရစ်ခ် လက်ထက် ဇန်နဝါရီ ၁၇ ရက်က စလို့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၇ ပွဲ နိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံးနဲ့ ရမှတ် (၂၂) မှတ် အထိ ရရှိထားပါတယ်။ ဒါဟာ အဆိုပါကာလ အတွင်း တခြား အသင်းတွေထက် ရမှတ် ပိုမို ရရှိထားတဲ့ မှတ်တမ်းကောင်းလည်း ဖြစ်ပါတယ်။

ချန်ပီယံလိဂ် ဝင်ခွင့် အခြေအနေဒီပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက် ရမှတ် ၅၄ မှတ်နဲ့ အဆင့် ၄ နေရာက အက်စတွန်ဗီလာကို ၃ မှတ် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် Top 4 အတွက် အဓိက ပြိုင်ဘက်တွေ ဖြစ်တဲ့ လစ်ဗာပူးလ်၊ ချဲလ်ဆီး တို့ကလည်း အသီးသီး နိုင်ပွဲ ပျောက်ခဲ့တာက ယူနိုက်တက် အတွက် အခွင့်အရေးကောင်း ဖြစ်လာခဲ့ပါတယ်။ လာမယ့် တပတ် မှာတော့ ပရီးမီးယားလိဂ် ပွဲစဉ် ၃၁ မှာတော့ ယူနိုက်တက်က ဘုန်းမောက်နဲ့ ကစားရမှာ ဖြစ်ပြီး ဗီလာ ကတော့ ဝက်စ်ဟမ်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်