မတ် ၁၆ ရက် ညနေခင်း အထိ ရရှိထားသမျှ ပရီးမီးယားလိဂ် အပါအဝင် ထိပ်သီးလိဂ်တွေရဲ့ နောက်ဆုံးရ သတင်းထူးတွေကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးလိုက်ပါတယ်။
ပရီးမီးယားလိဂ် ကလပ် ယူနိုက်တက် ကတော့ အက်သလက်တစ် ဘီလ်ဘာအို တိုက်စစ် ကစားသမား နီကို ဝီလီယမ်စ်ကို ခေါ်ယူဖို့ အတွက် စာချုပ်လျော်ကြေး ဖြစ်တဲ့ ယူရို သန်း ၁၀၀ ကို ပေးချေဖို့ ရှိနေပါတယ်။ ယူနိုက်တက်ဟာ မကြာခဏ ဒဏ်ရာရတတ်တဲ့ တောင်ပံ ကြယ်ပွင့်လေး အတွက် အကြီးအကျယ် ရင်းနှီးမြှုပ်နှံဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။
အတ္တလန္တာ ကွင်းလယ်လူ အီဒါဆန်ရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို သန်း ၃၀ အထိ ကျဆင်းသွားတာကြောင့် ယူနိုက်တက် အတွက် အခွင့်အရေးကောင်း ဖြစ်လာပါတယ်။ သူ့ကို ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ ပစ်မှတ်ထားနေသလို အက်တလက်တီကိုမက်ဒရစ် ကလည်း စိတ်ဝင်စားနေပါတယ်။
အန်ဒါလက်ချ် ကွင်းလယ်လူ နေသန် ဒီကတ်ကို ခေါ်ယူဖို့ ယူနိုက်တက်နဲ့ တော့တင်ဟမ်ဟော့စပါးတို့ အပြိုင်အဆိုင် ဖြစ်နေကြပါတယ်။ ဒီကစားသမားက ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်း ဝန်းကျင်သာ ရှိတာကြောင့် ဒါဟာ အမြတ်ထွက်မယ့် အပြောင်းအရွှေ့ တစ်ခု ဖြစ်လာနိုင်ပါတယ်။
အန်ဒီ ရော်ဘတ်ဆန်ရဲ့ နေရာမှာ အစားထိုးဖို့ နယူးကာဆယ် နောက်ခံလူ လူးဝစ္စ ဟောလ်ကို လစ်ဗာပူးလ်က အဓိက ပစ်မှတ် အဖြစ် သတ်မှတ်ထားပါတယ်။ သူ့ကို အာဆင်နယ်နဲ့ မန်စီးတီး တို့ကလည်း စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ကတော့ ပေါင် ၆၅ သန်း ကနေ သန်း ၇၀ ကြား ရှိနိုင်ပါတယ်။

ဂျိုး ဂိုးမက်ဇ်နဲ့ ကာတစ် ဂျုံးစ် တို့ဟာ လာမယ့် ဇွန်လမှာ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်တော့မှာ ဖြစ်လို့ ပရီးမီးယားလိဂ် ကလပ် လစ်ဗာပူးလ်နဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေပါတယ်။
အလီဆွန် တယောက် စာချုပ်သစ် ချုပ်ဆိုဖို့ ရှိနေတာကြောင့် အရန် ဂိုးသမား မာမာဒက်ရှ်ဗီလီကို တခြား ကလပ် အသင်းတွေက ဆက်သွယ်လာနေပြီး သူ ကိုယ်တိုင် ကလည်း အသင်းပြောင်းရွှေ့ဖွယ် ရှိနေပါတယ်။
လစ်ဗာပူးလ်ဟာ ဝါရင့် ဂိုးသမား အလီဆွန်ကို တစ်နှစ် စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ လာမယ့် နွေရာသီ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အဆိုပါ ဘရာဇီးလ်သားဟာ အသင်းမှ ထွက်ဖို့ သတင်းကြီးနေသူ ဖြစ်ပြီး ဆော်ဒီပရိုလိဂ်ကို ပြောင်းဖို့ ပြီးခဲ့တဲ့ ဆောင်းရာသီမှာ ကတည်းက ချိတ်ဆက်ခံခဲ့ရဖူးပါတယ်။ လစ်ဗာပူးလ်နဲ့ ဆယ်စုနှစ် တစ်ခုစာ ပူးပေါင်းခွင့် ရတော့မှာ ဖြစ်တဲ့ အဆိုပါ ၃၄ နှစ်သားဟာ လက်ရှိ အသင်းရဲ့ နံပါတ် ၁ ဂိုးသမား နေရာကို ရယူထားနိုင်သူလည်း ဖြစ်ပါတယ်။
နွေရာသီမှာ နည်းပြ ပပ် ဂွါဒီယိုလာ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ရိုဒရီတို့ မန်စီးတီး ကနေ ထွက်ခွာကြဖို့ ရှိနေပေမယ့် အာလင်း ဟာလန်း ကတော့ နည်းပြသစ် ဖြစ်လာဖွယ် ရှိနေတဲ့ အန်ဇို မာရက်စ်ကာ လက်အောက်မှာ ဆက်ရှိနေဖို့ များပါတယ်။ ဟာလန်း ကတော့ ရီးရဲလ်မက်ဒရစ်နဲ့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
အက်တလက်တီကိုမက်ဒရစ် ကတော့ ဂျရယ်မီ ဒိုကုကို စိတ်ဝင်စားနေပေမယ့် သူတို့ ဘက်က ယူရို သန်း ၆၀ (သူ့ရဲ့ မူလဝယ်ဈေး) ဝန်းကျင်နဲ့သာ ကမ်းလှမ်းချင်နေပါတယ်။
ဘိုလော့ဂ်နာ တိုက်စစ်မှူး ဆန်တီယာဂို ကတ်စ်ထရိုကို အာဆင်နယ်က စောင့်ကြည့်နေပါတယ်။ သူ့ကို ဂျူဗင်တပ်စ်၊ အေစီမီလန်နဲ့ အဲဗာတန်တို့ ကလည်း စိတ်ဝင်စားနေကြပြီး ဈေးနှုန်းကတော့ ယူရို သန်း ၄၀ ဝန်းကျင် ရှိပါတယ်။
အိုလီ ဝက်ကင်န် ရုန်းကန်နေရတာကြောင့် အက်စတွန်ဗီလာဟာ အက်တလက်တီကိုမက်ဒရစ် တိုက်စစ်မှူး အလက်ဇန္တား ဆောလော့သ်ကို ယူရို သန်း ၃၀ ကျော် ဝန်းကျင်နဲ့ ဝယ်ယူဖို့ ပြင်ဆင်နေသလို လိုင်ယွန် ကွင်းလယ်လူ ပါဗယ် ရှုးလ် ကိုလည်း စပါးနဲ့ အပြိုင် စိတ်ဝင်စားနေပါတယ်။
အတ္တလန္တာရဲ့ လူငယ် နောက်ခံလူ ဂျော်ဂျီယို စကယ်လ်ဗီနီကို ခေါ်ယူဖို့ နယူးကာဆယ်က ကင်းထောက်တွေ စေလွှတ် စောင့်ကြည့်နေပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


