နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ရပ်ရှ်ဖို့ဒ်ရဲ့ နေရာမှာ အစားထိုးဖို့ စီးရီးအေဆီ ခြေဦးလှည့်လာတဲ့ ယူနိုက်တက် | ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ် ကလပ် မန်ချက်စတာယူနိုက်တက်ဟာ လာမယ့် နွေရာသီမှာ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို အပြီးသတ် ရောင်းထုတ်ဖို့ ပြင်ဆင်နေပါတယ်။ ဒါကြောင့် ယူနိုက်တက်က သူ့ရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ကိုမို တောင်ပံကစားသမား ဂျေဇုစ် ရိုဒရီဂွက်ဇ်ကို စိတ်ဝင်စားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

လက်ရှိမှာ ဘာစီလိုနာက အသင်းထံ အငှားနဲ့ လာရောက်ကစားနေတဲ့ မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဆက်ထိန်းထားဖို့ စီစဉ်နေသလို၊ အင်္ဂလန်သား ကိုယ်တိုင် ကလည်း ရာသီကုန်မှာ နူးကမ့်ပ်ဆီ အပြီးသတ် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေပါတယ်။ ရက်ရှ်ဖို့ဒ်ကို ရောင်းချလို့ ရမယ့် ပြောင်းရွှေ့ကြေး ယူရို သန်း ၃၀/ ပေါင် ၂၆ သန်းခန့်ကို တောင်ပံကစားသမားသစ် တစ်ဦး ခေါ်ယူဖို့ အတွက် ပြန်လည် အသုံးပြုသွားမှာ ဖြစ်ပါတယ်။ စပိန် နာမည်ကြီး သတင်းစာ SPORT ရဲ့ ဖော်ပြချက်အရ ယူနိုက်တက်ရဲ့ ပစ်မှတ် အသစ်ဟာ ဂျေဇုစ် ရိုဒရီဂွက်ဇ် ဖြစ်လာကြောင်း သိရပါတယ်။

 

ဘာကြောင့် ရိုဒရီဂွက်ဇ်ကို ယူနိုက်တက် အလိုရှိနေတာလဲ

အသက် ၂၀ အရွယ် ရှိပြီ ဖြစ်တဲ့ ရိုဒရီဂွက်ဇ်ဟာ ပြီးခဲ့တဲ့ ရာသီက ရီးရဲလ်ဘက်တစ်မှာ ၃ ဂိုး သွင်း၊ ၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပြီးနောက် လူသိများလာခဲ့သူပါ။ ပြီးခဲ့တဲ့ နွေရာသီက ကိုမိုဟာ သူ့ကို ကလပ် စံချိန်တင် ပြောင်းရွှေ့ကြေး ဒေါ်လာ ၃၁ သန်းနဲ့ ခေါ်ယူခဲ့စဉ်က ဝေဖန်မှု အချို့ ရှိခဲ့ပေမယ့်၊ နည်းပြ ဖာဘရီဂတ်စ်ရဲ့ လက်အောက်မှာ သူဟာ ခြေစွမ်းပြပြီး ထိုက်တန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ရိုဒရီဂွက်ဇ်က ဒီရာသီ စီးရီးအေ ၂၈ ပွဲမှာ ၈ ဂိုး ဖန်တီး၊ ၃ ဂိုး သွင်းယူထားပါတယ်။ အင်တာမီလန်ရဲ့ ဒီမာကို တစ်ဦးတည်းသာလျှင် ဒီရာသီ စီးရီးအေမှာ သူ့ထက် ဂိုးဖန်တီးမှု ပိုများနေတာ တွေ့ရပါတယ်။ ဒါ့အပြင် သူဟာ အရပ် ၆ ပေ ရှိပြီး ခန္ဓာကိုယ် ကြံ့ခိုင်မှု၊ အရှိန်အဟုန်နဲ့ လျင်မြန်မှုတို့ ပေါင်းစပ်ထားတဲ့ ခေတ်မီ ကစားသမား တစ်ဦး ဖြစ်ပါတယ်။

 

ယူနိုက်တက်ရဲ့ တခြားသော ပစ်မှတ်များ

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဗဟို ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူဖို့က အဓိက ဦးစားပေး ဖြစ်နေပါတယ်။
ထိပ်တန်း ကစားသမား အများအပြားကို ပစ်မှတ်ထား စောင့်ကြည့်နေတဲ့ ယူနိုက်တက်

ပရီးမီးယားလိဂ် ကလပ်ဟာ ရိုဒရီဂွက်ဇ် အပြင် တခြားသော ကစားသမားတွေ ကိုလည်း စောင့်ကြည့်နေပါတယ်။ အဲဒီထဲမှာ ယန် ဒီယိုမန်ဒီ (လိုက်ပ်ဇစ်)၊ အီလီမန် အန်ဒီယေး (အဲဗာတန်)၊ မာရှယ် ဂိုဒို (စထရာဘိုး)၊ ဘရက်ဒ်လေ ဘာကိုလာ (ပီအက်စ်ဂျီ)၊ မားကပ်စ် တာဗာနီယာ (ဘုန်းမောက်)၊ မော်ဂန် ဂစ်ဘ်စ်-ဝှိုက် (နော့တင်ဟမ်ဖောရက်စ်) တို့ ပါဝင်နေပါတယ်။ ဒီကစားသမားဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး စာရင်းဝင်တွေ ဖြစ်နေတာကြောင့် သက်ဆိုင်ရာ အသင်းတွေက လွယ်လွယ်ကူကူ လက်လွှတ်သွားမှာတော့ မဟုတ်ပါဘူး။

 

ဘဏ္ဍာရေး အခြေအနေနဲ့ ဦးစားပေးများ

ပရီးမီးယားလိဂ် ထိပ်သီး တို့ဟာ ကတ်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် ဗဟို ကွင်းလယ် ကစားသမား တစ်ဦး ခေါ်ယူဖို့က အဓိက ဦးစားပေး ဖြစ်နေပါတယ်။ အဲဒီအတွက် အဲလီယော့တ် အန်ဒါဆန်၊ အဒမ် ဝှာတန် (ခရစ္စတယ်ပဲလေ့စ်) ဒါမှမဟုတ် ကားလို့စ် ဘယ်လီဘာ့ (ဘရိုက်တန်) တို့ကို ခေါ်ယူဖို့ ဘတ်ဂျက် အများစု သုံးစွဲရဖွယ် ရှိနေပါတယ်။

အကျဉ်းချုပ်အားဖြင့် ဆိုရရင်တော့ ရက်ရှ်ဖို့ဒ်ကို ရောင်းလို့ရမယ့် ငွေဟာ ရိုဒရီဂွက်ဇ်ကို ခေါ်ဖို့ပဲ လောက်ငှနိုင်တာကြောင့်၊ တခြား နာမည်ကြီး ကစားသမားတွေ ဖြစ်တဲ့ ဒီယိုမန်ဒီ ဒါမှမဟုတ် ဘာကိုလာ တို့လို ကစားသမားတွေကို ခေါ်ယူချင်တယ် ဆိုရင်တော့ တခြား ကစားသမားတွေကို ထပ်မံ ရောင်းထုတ်ပြီး ငွေရှာရဦးမှာ ဖြစ်ကြောင်း ပြောကြားရင်း…။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်