နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

ကိုနာတေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာတဲ့ အင်တာ၊ ကာနက်ဆက်ချီကို ခေါ်ယူချင်နေတဲ့ အာဆင်နယ် | စီးရီးအေ

ဖေဖော်ဝါရီ ၂၅ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ အပါအဝင် ဥရောပ ထိပ်သီးလိဂ်တွေရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စီးရီးအေ ကလပ် အင်တာမီလန်ဟာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နောက်ခံလူ အီဘရာဟီမာ ကိုနတေးကို ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။ ကိုနာတေး ကိုတော့ ရီးရဲလ်မက်ဒရစ် အပါအဝင် ဥရောပ ထိပ်တန်း ကလပ် များစွာက စိတ်ဝင်စားနေကြတာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လစ်ဗာပူးလ်က ဗန်ဒိုက်ခ်ရဲ့ နေရာမှာ ရေရှည် အတွက် အစားထိုးဖို့ ပြင်ဆင်နေပြီး တော့တင်ဟမ်အသင်းက မစ်ကီ ဗန်ဒီဗန်ကို ခေါ်ယူဖို့ “၁၀၀ ရာခိုင်နှုန်း” သေချာနေပါတယ်။ 

အာဆင်နယ်ဟာ စီးရီးအေ ကလပ် အတ္တလန္တာ ဂိုးသမား မာကို ကာနက်ဆက်ချီကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့် သူ့ကို မန်ချက်စတာယူနိုက်တက် ကလည်း စိတ်ဝင်စားနေတာကြောင့် အပြိုင်အဆိုင် ကြိုးပမ်းကြရဖွယ် ရှိနေပါတယ်။ 

စပါး ဂိုးသမား ဗီကာရီယိုဟာ စီးရီးအေကို ပြန်သွားဖို့ သတင်းတွေ ထွက်နေတာကြောင့် ၎င်းရဲ့ နေရာမှာ အစားထိုးဖို့ မန်စီးတီးမှ ဂျိမ်းစ် ထရက်ဖို့ဒ်၊ ဆန်းဒါးလန်းက ရော်ဘင် ရိုအက်ဖ်နဲ့ ဘရိုက်တန်က ဘာ့တ် ဗာဘရက်ဂျန် တို့ကို စောင့်ကြည့်နေပါတယ်။ 

မန်ချက်စတာယူနိုက်တက်ဟာ ကက်စ်မဲရိုးရဲ့ နေရာမှာ အစားထိုးဖို့ အတွက် နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အီဘရာဟင် ဆန်ဂါရေးကို ခေါ်ယူဖို့ စိတ်ဝင်စားမှုကို ပြသခဲ့ပါတယ်။ 

ဂျူဗင်တပ်စ် နောက်ခံ အစွန်လူ အန်ဒရီယာ ကမ်ဘီယာဆိုကို လစ်ဗာပူးလ်၊ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ် တို့က ပစ်မှတ်ထားနေပါတယ်။ ဂျူဗင်တပ်စ် ဘက်ကတော့ ယူရို သန်း ၆၀ (ပေါင် ၅၂.၄ သန်းခန့်) ထက် မနည်းရမှသာ ဆွေးနွေးမှာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ စီးရီးအေ ကလပ် အတ္တလန္တာ ဂိုးသမား မာကို ကာနက်ဆက်ချီကို နွေရာသီမှာ ခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။
စီးရီးအေ ကလပ် အတ္တလန္တာမှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ကာနက်ဆက်ချီ

လိုက်ပ်ဇစ် တောင်ပံကစားသမား ယန် ဒီယိုမန်ဒီကို မန်ချက်စတာယူနိုက်တက်၊ လစ်ဗာပူးလ်နဲ့ စပါး တို့က စောင့်ကြည့်နေသလို ဘေယန်မြူးနစ်နဲ့လည်း ပြိုင်ဆိုင်ရမှာပါ။ ပြောင်းရွှေ့ကြေးဟာ ပေါင် သန်း ၈၀ ဝန်းကျင် အထိ ရှိနေနိုင်ပါတယ်။‌

ဘေယန်မြူးနစ်ဟာ တောင်ကိုရီးယား ဗဟိုနောက်ခံလူ ကင်မင်းဂျေး အတွက် ယူရို ၃၅ သန်း (ပေါင် ၃၀.၆ သန်းခန့်) ရရင် ရောင်းချဖို့ ပြင်ဆင်နေပြီး ချဲလ်ဆီးနဲ့ စပါး တို့က စိတ်ဝင်စားနေပါတယ်။ 

မန်ချက်စတာစီးတီး အသင်းဟာ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ မော်ဂန် ဂစ်ဘ်စ်-ဝှိုက်ကို ခေါ်ယူဖို့ ယူရို သန်း ၈၀ (ပေါင် ၆၉.၉ သန်းခန့်) ပေးချေဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။ 

အက်စတွန်ဗီလာ အသင်းဟာ အငှားနဲ့ ပြန်လည် ရောက်ရှိလာပြီးနောက် ခြေစွမ်းပြနေတဲ့ ကွင်းလယ်လူ ဒေါက်ဂလပ်စ် လူးဝစ်ဇ်ကို ရာသီကုန်မှာ အပြီးသတ် စာချုပ်ချုပ်ဆိုဖို့ စဉ်းစားနေပါတယ်။ 

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ဆော်ဒီပရိုလိဂ် ကလပ် အဲလ်နာဆာကနေ ထွက်ခွာဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်နေပြီး ချဲလ်ဆီးက ၎င်းရဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ချဲလ်ဆီးဟာ ရော်နယ်လ်ဒိုရဲ့ လုပ်ခလစာကို တတ်နိုင်တဲ့ အသင်း အနည်းငယ် ထဲက တစ်သင်းလည်း ဖြစ်ပါတယ်။ 

ဘေယန်မြူးနစ်ဟာ နယူးကာဆယ် တိုက်စစ်မှူး နစ်ခ် ဝေါလ်တီမာဒါနဲ့ အဆက်အသွယ် မရှိသေးကြောင်း သိရပါတယ်။ 

စာချုပ်သက်တမ်း နောက်ဆုံး ၆ လထဲ ရောက်နေတဲ့ ယူထရီချတ်ရဲ့ ဘယ်နောက်ခံလူ အဲလ်ကာရူဝါနီကို လိဒ်စ်ယူနိုက်တက်နဲ့ ဝက်စ်ဟမ်း တို့က ပစ်မှတ်ထားနေပါတယ်။ 

မန်ချက်စတာယူနိုက်တက် နည်းပြ မိုက်ကယ် ကာရစ်ခ်က လမ်မန်းစ်ရဲ့ တည်ငြိမ်မှုနဲ့ စွမ်းဆောင်ရည်ကို ဗန်ဒါးဆားနဲ့ ခိုင်းနှိုင်း ချီးကျူးခဲ့ပါတယ်။ အဲဗာတန်ကို အနိုင်ရတဲ့ပွဲမှာ လမ်းမန်းစ်ရဲ့ လက်စွမ်းပြမှုနဲ့ အတူ အဝေးကွင်း အမှတ်ပေးပွဲမှာ ပြီးခဲ့တဲ့နှစ် မတ်လကတည်းက ပထမဆုံးအကြိမ် ဂိုးမပေးခဲ့ရတာပါ။ ပြီးခဲ့တဲ့နှစ် နွေရာသီက ပေါင် ၁၈ သန်းနဲ့ မန်ချက်စတာယူနိုက်တက်ကို ရောက်လာတဲ့ လမ်မန်းစ်ဟာ ကာလတို အတွင်းမှာပဲ နံပါတ်တစ် ဂိုးသမား နေရာကို ရယူနိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်