အခုတစ်ခါမှာတော့ ဖေဖော်ဝါရီ ၂၃ ရက်နေ့ နေ့လည်ခင်းအထိ ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးချင်ပါတယ်။
လာလီဂါ ထိပ်သီး ဘာစီလိုနာ အသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး ဟယ်ရီ ကိန်းက ဝမ်းသာ ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ်စားလှယ်တွေဆီ ကနေ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာသံမှ မကြားရသေးသလို လက်ရှိ မှာလည်း ဘေယန်မြူးနစ်မှာ “ အလွန်ပျော်ရွှင်နေပြီး” ဒီရာသီ အောင်မြင်ဖို့ကိုပဲ “ အပြည့်အဝ အာရုံစိုက်ထားတယ်” လို့ သိရပါတယ်။
ဘေယန်မြူးနစ် နည်းပြ ဗင်းန်ဆင့် ကွန်ပနီဟာ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အမာခံ ကွင်းလယ်လူ ဖက်ဒရစ်ကို ဗယ်လ်ဗာဒီကို လာမယ့် နွေရာသီမှာ အရခေါ်ယူချင်နေပါတယ်။ ဥရူဂွေး လက်ရွေးစင် ဗယ်လ်ဗာဒီကို ၂၀၂၆ ခုနှစ်ရဲ့ “ အကောင်းဆုံး ကြယ်ပွင့် ခေါ်ယူမှု” အဖြစ် သတ်မှတ်ပြီး ပစ်မှတ်ထားနေတာ ဖြစ်ကြောင်း El Nacional က ဖော်ပြပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းဟာ သူတို့ ရောင်းထုတ်ခဲ့တဲ့ လူငယ် ကစားသမားတွေ ဖြစ်တဲ့ နီကို ပက်ဇ်၊ ချီမာ အန်ဒရက်စ်နဲ့ ဂျာကိုဘို ရာမွန် တို့ကို ပြန်လည် ဝယ်ယူခွင့် (Buy-back clause) အသုံးပြုပြီး စုစုပေါင်း ယူရို ၂၇ သန်းခန့်နဲ့ အသင်းထံ ပြန်ခေါ်ဖို့ ရည်ရွယ်ထားပါတယ်။
အာဆင်နယ်၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ တို့ဟာ ဟူလီယန် အဲလ်ဗာရက်ဇ်ကို ခေါ်ယူဖို့ အခိုင်အမာ ဆန္ဒရှိနေကြပါတယ်။ အထူးသဖြင့် အာဆင်နယ်ဟာ ယူရို သန်း ၁၂၀ တန်ကြေး ရှိတဲ့ ကမ်းလှမ်းမှု တစ်ခု ပြုလုပ်ခဲ့ပေမယ့် အက်တလက်တီကိုမက်ဒရစ် ဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာ အသင်းဟာ ယာအို ကန်ဆယ်လိုကို အပြီးသတ်စာချုပ်နဲ့ ခေါ်ယူဖို့ အစီအစဉ်ကို လက်မလွှတ်သေးပါဘူး။ ကန်ဆယ်လိုဟာ ဘာစီလိုနာကို အငှားနဲ့ ပြန်ရောက်လာပြီး နောက်ပိုင်း ပွဲထွက်ခွင့် ပုံမှန်ရဖို့ ရုန်းကန်နေရပေမယ့် အသင်း ဘက်ကတော့ ဆက်ထိန်းထားချင်နေဆဲပါ။
ရီးရဲလ်မက်ဒရစ်ရဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဖရန်ကို မက်စတန်တူအိုနိုကို ခေါ်ယူဖို့ စပါးနဲ့ ဘရိုက်တန် တို့က မထင်မှတ်ဘဲ ချိန်ရွယ်လာပါတယ်။ အထူးသဖြင့် စပါး အသင်းဟာ ယူရို သန်း ၅၀ ဝန်းကျင်နဲ့ ကမ်းလှမ်းဖို့ အသင့် ရှိနေပြီး ဒီပမာဏဟာ ဥက္ကဋ္ဌ ဖလော်ရန်တီနို ပီရက်ဇ်ကို ဆွဲဆောင်နိုင်ဖွယ် ရှိနေပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ ဝါရင့်နောက်ခံလူ ဒန်နီ ကာဗာဟယ်ရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့ အတွက် ဘယ်လ်ဂျီယံ ကလပ် ဘရုဂေး အသင်းက လူငယ် နောက်ခံလူ ကီရီယာနီ ဆပ်ဘ်ကို အသေအချာ စောင့်ကြည့်နေပါတယ်။
ဂျူဗင်တပ်စ် အသင်းရဲ့ နည်းပြ လူစီယာနို စပယ်လက်တီဟာ လာမယ့် ပွဲစဉ် နှစ်ပွဲမှာ ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်နိုင်ခြင်း မရှိရင် ရာထူး ကနေ ထုတ်ပယ်ခံရတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဂျူဗင်တပ်စ်ဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ ပွဲမှာ ၄ ပွဲ ရှုံး၊ ၁ ပွဲ သရေနဲ့ ရလဒ်တွေ ဆိုးရွားနေတာကြောင့် အခုလိုအခြေအနေ ရောက်ရှိလာခြင်းဖြစ်ပါတယ်။ အီတလီ နည်းပြ စပယ်လက်တီဟာ ဂျူဗင်တပ်စ်ကို ပြီးခဲ့တဲ့ အောက်တိုဘာလကမှ စတင် ကိုင်တွယ်ခဲ့တာ ဖြစ်ပြီး ၁၃ ပွဲ နိုင်၊ ၆ ပွဲ သရေ၊ ၆ ပွဲ ရှုံးထားပါတယ်။
စပယ်လက်တီက အစောပိုင်းမှာ ရလဒ်တွေ ကောင်းမွန်အောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အခုနောက်ပိုင်းမှာ ရုန်းကန်လာရတာပါ။ ဒါကြောင့် လက်ရှိအချိန်မှာ ထိပ်ဆုံးက အင်တာမီလန်နဲ့ ရမှတ် ၂၀ နီးပါး ကွာဟနေပြီး ချန်ပီယံလိဂ် ဝင်ခွင့် ရဖို့ စိုးရိမ်စရာ ဖြစ်လာတာကြောင့် ဂျူဗင်တပ်စ် တာဝန်ရှိသူတွေက ရာထူးက ထုတ်ပယ်ဖို့ စဉ်းစားလာခြင်း ဖြစ်ကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ လာမယ့် နှစ်ပွဲမှာ ဂါလာတာစာရေး၊ ရိုးမား အသင်းတွေနဲ့ ရင်ဆိုင်ရမှာပါ။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


