အက်စတွန်ဗီလာ နည်းပြ အူနိုင်း အမ်မရီက ဇန်နဝါရီ အပြောင်းအရွှေ့မှာ အမြဲတမ်း စာချုပ်ဖြင့် ရောက်ရှိလာခဲ့တဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ အကျိုးသက်ရောက်မှု အပေါ် ချီးကျူး ပြောဆိုလိုက်သည်။ အေဘရာဟမ် လိဒ်စ်ယူနိုက်တက်နဲ့ ဗီလာပါ့ခ်မှာ ၁-၁ ရလဒ် ထွက်ပေါ်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ လူစားဝင်လာပြီး အရေးကြီးတဲ့ ချေပဂိုး သွင်းယူပေးခဲ့သူ ဖြစ်ပါတယ်။
ဒီပွဲမှာ ဗီလာက ပွဲကစားချိန် ၃၁ မိနစ်မှာ အန်တွန် စတပ်ခ်ျ၏ လှပတဲ့ ပြစ်ဒဏ်ဘော ကန်သွင်းမှု ကနေ ဦးဆောင်ဂိုး ပေးခဲ့ရပါတယ်။ ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပို မှာတော့ အာမာဒူ အိုနာနာနဲ့ အိုလီ ဝက်ကင်န် တို့ရဲ့ အပိုင်ကန်ချက်တွေကို လိဒ်စ်ယူနိုက်တက် ဂိုးသမား ကားလ် ဒါလိုးဝ်က အကောင်းဆုံး ကာကွယ်နိုင်ခဲ့သလို၊ ဒုတိယပိုင်း အစ မှာလည်း အီမီလီယာနို ဘူအန်ဒီယာရဲ့ ကန်ချက် တိုင်ထိထွက်လာတာကို ဝက်ကင်န်က ပိတ်သွင်းနိုင်ခဲ့ပေမယ့်လည်း လူကျွံဘော အဖြစ် သတ်မှတ်ခံခဲ့ရသည်။
အဲဒီနောက် လိဒ်စ်တို့ ပွဲကို အပြတ်ဖြတ်နိုင်မယ့် အခွင့်အရေး ရခဲ့ပေမယ့်လည်း လူစားဝင်လာတဲ့ လူးကပ်စ် နမ်မီချာရဲ့ ခေါင်းတိုက်ချက်က မာတီနက်ဇ်ဆီ တည့်တည့်ရောက်သွားခဲ့လို့ နစ်နာခဲ့ရပါတယ်။ အဲဒီနောက် ပွဲပြီးခါနီးမှာ အေဘရာဟမ်က ဗီလာ အတွက် အဖိုးတန် ချေပဂိုး သွင်းယူခဲ့ပြီး ၁-၁ ရလဒ်နဲ့ ပြီးဆုံးစေခဲ့ပါတယ်။
အေဘရာဟမ်ရဲ့ ဒီဂိုးဟာ ၂၀၂၀ ပြည့်နှစ် ဘောက်ဆင်းဒေး ချဲလ်ဆီးက အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာ ဂိုးသွင်းခဲ့ပြီး နောက်ပိုင်း ပထမဦးဆုံး ပရီးမီးယားလိဂ် သွင်းဂိုး ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ဗီလာဟာ ဒီရာသီမှာ ထောင့်ကန်ဘော ကနေ ၉ ဂိုး အထိ ရရှိထားပြီး အာဆင်နယ် (၁၄ ဂိုး) နဲ့ စပါး (၁၃ ဂိုး) တို့ ပြီးရင် တတိယ အများဆုံး အသင်းလည်း ဖြစ်ပါတယ်။ ဗီလာ လက်ရှိ ရာသီမှာ ဂိုးပေးထားရတဲ့ အခြေအနေ ကနေ ပြန်လည် ရယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ရမှတ်ပေါင်း ၁၉ မှတ် အထိ ရှိလာပြီး ဒါဟာ လိဂ်အတွင်း အများဆုံး ဖြစ်ပါတယ်။
နည်းပြ အူနိုင်း အမ်မရီ ကတော့ အိုလီ ဝက်ကင်န်ကို ပွဲထွက် လူစာရင်းမှာ ရွေးချယ်ခဲ့ပေမယ့် လာမယ့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေမှာ အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး နှစ်ဦး စလုံးကို တွဲဖက် အသုံးပြုနိုင်တယ်လို့ ယုံကြည်နေပါတယ်။
အမ်မရီက BBC Sport ကို ပြောကြားရာ မှာတော့ “သူဟာ ကျွန်တော် တို့ရဲ့ တိုက်စစ်ပိုင်းကို ပိုကောင်းအောင် အိုလီ ဝက်ကင်န်နဲ့ အတူ ယှဉ်ပြိုင်ကစားနေတာပါ။ ဒီနေ့မှာ သူ (အေဘရာဟမ်) ကို လိုအပ်လို့ နှစ်ယောက်လုံးကို ထည့်သွင်း ကစားစေခဲ့တာပါ။ သူက တကယ်ပဲလည်း ကောင်းနေခဲ့ပါတယ်။ သူ့ရဲ့ သွင်းဂိုးကြောင့် ကျွန်တော်တို့ ၁ မှတ် ရခဲ့တာပါ။” လို့ ဆိုပါတယ်။
အေဘရာဟမ်ဟာ ဝက်ကင်န်နဲ့ ပြိုင်ဆိုင်ရမှုကို ပျော်ရွှင်နေပြီး သူ့ အနေနဲ့ ဝက်ကင်န် မရောက်ရှိမီ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ အငှားထွက် ကစားစဉ် ကတည်းက ဗီလာကို ပလေးအော့ဖ် ကနေ ပရီးမီးယားလိဂ်ကို တက်လှမ်းနိုင်အောင် ကူညီပေးခဲ့ဖူးသူ ဖြစ်ပါတယ်။
“ကျွန်တော်တို့ နှစ်ယောက် အတူတူ တွဲကစားဖို့ လေ့ကျင့်ရေးမှာ အကြိမ်ကြိမ် ဆွေးနွေးဖူးပါတယ်။ ကံကောင်း ထောက်မစွာပဲ ဒီနေ့မှာ ဂိုးသွင်းနိုင်ခဲ့လို့ နည်းပြ အနေနဲ့ ဒါက အလုပ် ဖြစ်တယ် ဆိုတာ မြင်သွားလောက်ပါပြီ။ ဝက်ကင်န်က အသင်းမှာ နှစ်အတော်ကြာ ရှိနေပြီး ဂိုးတွေ အများကြီး သွင်းထားတဲ့ ထိပ်တန်း တိုက်စစ်မှူး ဆိုတာ သိပါတယ်။ ဒါကြောင့် ဒါဟာ ကောင်းမွန်တဲ့ ပြိုင်ဆိုင်မှု တစ်ခုပါပဲ။” လို့ အေဘရာဟမ်က ပြောကြားခဲ့ပါတယ်။
လိဒ်စ်ယူနိုက်တက် နည်းပြ ဒန်နီရယ် ဖာကီ ကတော့ တန်းမဆင်းရရေး တိုက်ပွဲမှာ အဖိုးတန် ၁ မှတ် ရယူနိုင်ခဲ့တဲ့ အပြင် ရှုံးပွဲ မရှိ မှတ်တမ်းကို ၃ ပွဲဆက် ရယူနိုင်ခဲ့တဲ့ အသင်း ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။ ဂျာမန် လူမျိုး နည်းပြက “ဒီပွဲရဲ့ ရလဒ်က ထိုက်တန်ပါတယ်။ ဆုဖလား အတွက် တိုက်ပွဲဝင်နေတဲ့ အသင်း တစ်သင်းကို ရင်ဆိုင်ခဲ့တဲ့ ကျွန်တော့်ရဲ့ စစ်သည်တော်တွေ အတွက် ဂုဏ်ယူပါတယ်။ ပထမပိုင်းမှာ အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အခွင့်အရေး သိပ်မပေးခဲ့ရပါဘူး။ ဒါဟာ ကြိုးစား အားထုတ်မှုနဲ့ ထိုက်တန်တဲ့ ရလဒ်ပါ။” လို့ ပြောကြားခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


