နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

countdown banner
00 ရက်
00 နာရီ
00 Minutesaမိနစ်

အသင်းတွင်းမှာ တင်းမာမှု မရှိဘဲ စည်းလုံးလျက် ရှိကြောင်း ဖွင့်ဟလာတဲ့ ယာအို နီးဗက်စ် | လီဂူးဝမ်း

ပြီးခဲ့တဲ့ ရက်ပိုင်းက အူစမန်နီ ဒမ်ဘီလီဟာ ပီအက်စ်ဂျီ အသင်းရဲ့ ခြေစွမ်းပိုင်းနဲ့ ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ လီဂူးဝမ်း ကလပ်ရဲ့ အသင်းသားတွေ အကြားမှာ တင်းမာမှု မရှိဘဲ စည်းလုံးလျက် ရှိကြောင်း ယာအို နီးဗက်စ်က အခိုင်အမာ ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့က ရန်းစ်ကို ၃-၁နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် လန်းစ်ကို လီဂူးဝမ်း အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ပေးလိုက်ရတဲ့ အတွက် ဒမ်ဘီလီ တယောက် ဒေါသထွက်ခဲ့တာပါ။ ဘယ်လွန်ဒေါဆုရှင် ဒမ်ဘီလီက “ပီအက်စ်ဂျီ ကစားသမားတွေဟာ ကွင်းထဲမှာ အသင်းလိုက် ကစားတာထက် တစ်ကိုယ်ကောင်းဆန်တဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်။” လို့ ပြောဆိုခဲ့ပြီး ကိုယ်ပိုင်ရည်မှန်းချက်တွေထက် အသင်းကို ဦးစားပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီကနေ့ ညမှာ ကစားမယ့် မိုနာကိုနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ပလေးအော့ဖ် ပွဲစဉ် မတိုင်ခင် ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ မှာတော့ ယာအို နီးဗက်စ်က အခုလိုပဲ ဖြေရှင်းခဲ့ပါတယ်။ “အဝတ်လဲခန်းထဲက အခြေအနေက တကယ်ကို ကောင်းမွန်ပါတယ်။ ကစားသမားတွေက ယုံကြည်မှု အပြည့် ရှိနေပြီး ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ ဒမ်ဘီလီက ပြီးခဲ့တဲ့ရာသီကလို အသင်းလိုက် စည်းစည်းလုံးလုံး ကစားဖို့ ကိုပဲ ထပ်လောင်း သတိပေးချင်တာလို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါက ပီအက်စ်ဂျီရဲ့ အားသာချက် ဖြစ်ပြီး ကျွန်တော်တို့ အမြဲတမ်း သက်သေပြခဲ့တာပါ။”

လီဂူးဝမ်း ထိပ်သီး နှစ်သင်းဟာ ဥရောပပြိုင်ပွဲ သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံနေတာ ဖြစ်ပါတယ်။
ချန်ပီယံလိဂ်မှာ လီဂူးဝမ်း ပြိုင်ဘက် မိုနာကိုနဲ့ ရင်ဆိုင်ရမယ့် ပီအက်စ်ဂျီ

ဆက်လက်ပြီး သူက “ကျွန်တော်တို့ အကြားမှာ ပြောစရာ ရှိရင် မျက်နှာချင်းဆိုင် တိုက်ရိုက် ပြောကြပါတယ်။ အခုချိန်မှာ အားလုံး အဆင်ပြေနေသလို စိတ်ဓာတ်ပိုင်းလည်း တက်ကြွနေပါတယ်။” လို့လည်း ပြောကြားခဲ့ပါသေးတယ်။

ဒမ်ဘီလီရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီး နည်းပြ လူးဝစ္စ အန်နရီကေးက အခုလို ခပ်အေးအေးပဲ တုံ့ပြန်ခဲ့ပါတယ်။ “ပီအက်စ်ဂျိလို အသင်းမျိုးမှာ ဒီလို ဆူညံသံတွေ (သတင်းတွေ) က အမြဲရှိနေမှာပဲ။ ဒါကို လက်ခံနိုင်အောင် ကြိုးစားရမှာပါ။ ကျွန်တော်တို့ရဲ့ စိတ်ဓာတ် ကတော့ ပြောင်းလဲမှာ မဟုတ်ဘူး။ အိမ်ကွင်း ဖြစ်စေ၊ အဝေးကွင်း ဖြစ်စေ အနိုင်ရဖို့ပဲ ကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့ ရာသီ ကလည်း ပထမအကျော့မှာ ရှုံးခဲ့ပေမယ့် ဒုတိယအကျော့မှာ ပြန်လာနိုင်ခဲ့တာကို တွေ့ခဲ့ရမှာပါ။ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ရင် ပြိုင်ဘက်ထက် သာလွန်နေတာ ဖြစ်လို့ အဲ့ဒီအတိုင်း ဆက်လက် လုပ်ဆောင်သွားမှာပါ။” လို့ ပြောကြားခဲ့ပါတယ်။

လီဂူးဝမ်း ထိပ်သီး နှစ်သင်းဟာ ဥရောပပြိုင်ပွဲ သမိုင်းတလျှောက်မှာ ပထမဆုံးအကြိမ် တွေ့ဆုံနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်မှာ ဘရတ်စ်ကို နှစ်ကျော့ပေါင်း ၁၀-၀ (၃-၀၊ ၇-၀) နဲ့ အနိုင်ယူခဲ့တဲ့ မှတ်တမ်းကောင်း ရှိထားပါတယ်။ မိုနာကို ကတော့ ၁၉၉၈-၁၉၉၉ ယူအီးအက်ဖ်အေဖလားမှာ မာဆေးလ်ကို ရှုံးနိမ့်ခဲ့ဖူးလို့ ပြင်သစ် ကလပ် အချင်းချင်း တွေ့တဲ့ ဥရောပ ပွဲစဉ်တွေမှာ ကံမကောင်းတတ်တဲ့ အစဉ်အလာ ရှိနေပါတယ်။

ဒီနှစ်သင်းရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှု မှာတော့ မိုနာကိုက ၁ ကြိမ်သာ အနိုင်ရထားပြီး ပီအက်စ်ဂျီက ၃ ကြိမ်နိုင်ကာ ၁ ကြိမ် သရေကျခဲ့ပါတယ်။ မိုနာကို အိမ်ကွင်းမှာတော့ မိုနာကိုက ၃ ကြိမ်နိုင်ပြီး ၁ ကြိမ် သရေကျကာ ပီအက်စ်ဂျီက ၁ ကြိမ် အနိုင်ရထားပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီက မိုနာကိုကွင်းကို သွားရောက် ကစားခဲ့တဲ့ နောက်ဆုံး ၆ ကြိမ်မှာ ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၄ ကြိမ် အထိ ရှုံးနိမ့်ထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်