တော့တင်ဟမ်ဟော့စပါး အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမီယို ကတော့ အသင်းရဲ့ လူအင်အား ဖြည့်တင်းမှု အားနည်းချက် အပေါ် အသင်းရဲ့ ထိပ်သီးပိုင်း တာဝန်ရှိသူတွေကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ စပါးဟာ ဒီရာသီ နေရာစုံမှာ အားနည်းချက်တွေ ရှိနေပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
တော့တင်ဟမ်ဟော့စပါး အသင်းခေါင်းဆောင် ခရစ္စတီယန် ရိုမီယိုက နည်းပြ သောမတ်စ် ဖရန့်ခ် လက်အောက်မှာ အသုံးပြုနိုင်တဲ့ ကစားသမား အင်အား အလွန်အမင်း နည်းပါးနေတာနဲ့ ပတ်သက်ပြီး ဒါဟာ “ မယုံနိုင်စရာ” ဖြစ်သလို “ ရှက်စရာလည်း ကောင်းတယ်” လို့ ဆိုကာ အသင်းရဲ့ စီမံခန့်ခွဲသူတွေကို လူသိရှင်ကြား ပြစ်တင် ရှုတ်ချလိုက်ပါတယ်။
“ဒီလိုအချိန်မျိုးမှာ တခြားလူတွေ (အသင်းရဲ့ လူကြီးပိုင်း) က ထွက်ပြီး စကားပြောသင့်တာပါ။ ဒါပေမယ့် သူတို့ကတော့ နှစ်ပေါင်း များစွာကလိုပဲ ဘယ်တော့မှ ထွက်မလာကြဘူး။ အခြေအနေ ကောင်းတဲ့ အချိန်ကျမှပဲ လိမ်ညာဖို့ အတွက် ပေါ်လာတတ်ကြတာပါ။” လို့ သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာက တဆင့် ရေးသားခဲ့ပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်ချက်စတာစီးတီးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ ဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့တဲ့ ရိုမီယိုက ပွဲအပြီးမှာ ပရိသတ်တွေကို အခုလိုပဲ ရေးသားခဲ့ပါတယ်။ “မနေ့က အသင်းဖော်တွေရဲ့ ကြိုးစားမှုက တကယ့်ကို အံ့မခန်းပါပဲ။ ကျွန်တော် နေလို့ မကောင်းပေမယ့် သူတို့ကို ကူညီပေးချင်ခဲ့ပါတယ်။ အထူးသဖြင့် ကျွန်တော် တို့မှာ အသုံးပြုနိုင်တဲ့ ကစားသမား ၁၁ ယောက်ပဲ ရှိတဲ့ အချိန်မှာပေါ့။ ဒါဟာ မယုံနိုင်စရာ ဖြစ်သလို တကယ့်ကို ရှက်စရာလည်း ကောင်းပါတယ်။ ကျွန်တော်တို့ တာဝန်ယူမှု အပြည့်နဲ့ ဒီအခြေအနေကို ကျော်ဖြတ်ဖို့ ဆက်ပြီး ကြိုးစားသွားမှာပါ။” လို့ ရိုမီယိုကို ပြောကြားလိုက်ပါတယ်။
ရိုမီယို ဘာကြောင့် စိတ်ဆိုးနေတာလဲ

ရိုမီယိုရဲ့ ဒီပို့စ်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့ပိတ်ဖို့ တစ်နာရီအလိုမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ စပါး အသင်းဟာ သတင်းတွေ အများကြီး ထွက်ခဲ့ပေမယ့် နောက်ဆုံး မိနစ် မှာတော့ လူငယ်ကစားသမား ဂျိမ်းစ် ဝီလ်ဆင် တစ်ဦးတည်း ကိုပဲ ခေါ်ယူနိုင်ခဲ့ပါတယ်။ နည်းပြ သောမတ်စ် ဖရန့်ခ် ကလည်း သူ့မှာ အသင်းကြီး ကစားသမား ၁၄ ယောက် အထိ ဒဏ်ရာရနေပြီး အသုံးပြုနိုင်တဲ့သူ မရှိဘူးလို့ အမြဲတမ်း ညည်းညူနေခဲ့တာပါ။
စပါးဟာ ချန်ပီယံလိဂ်မှာ အဆင့် ၄ နေရာနဲ့ ရှုံးထွက်အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ် မှာတော့ အဆင့် ၁၄ နေရာကို ရောက်နေစလို တန်းဆင်းဇုန်နဲ့လည်း ၉ မှတ်သာ ကွာပါတော့တယ်။
ငွေအများအပြား သုံးထားပေမယ့် ကစားသမား မရှိတဲ့ ပြဿနာ
ထူးခြားချက် ကတော့ စပါး အသင်းဟာ ဇန်နဝါရီမှာ ကော်နာ ဂယ်လာဟာနဲ့ ဘရာဇီးလ် နောက်ခံလူ ဆူဆာ တို့ကို ယူရို ၅၅ သန်း သုံးစွဲကာ ခေါ်ယူခဲ့ပါတယ်။ ဒါကြောင့် စပါးက ဒီနှစ် အတွင်းမှာ ပရီးမီးယားလိဂ်ရဲ့ စတုတ္ထမြောက် အသုံးစရိတ် အများဆုံး အသင်း ဖြစ်လာခဲ့ပါတယ်။တကယ်တမ်း ကြည့်မယ် ဆိုရင် ၂၀၂၃-၂၀၂၄ ရာသီက စပြီး စပါးဟာ အသားတင် အသုံးစရိတ် ယူရို ၄၆၃.၆ သန်း အထိ သုံးထားပြီး ဒါဟာ ကမ္ဘာပေါ်မှာ အာဆင်နယ်နဲ့ ဆော်ဒီပရိုကလပ် အဲလ်ဟီလယ်တို့ ပြီးရင် အသုံးအများဆုံး စာရင်းထဲမှာ ပါပါတယ်။ ဒီလောက် ငွေတွေ အများကြီး သုံးထားလျက်နဲ့ ဘာလို့ ကစားသမား ၁၁ ယောက်ပဲ ကျန်တော့လဲ ဆိုတာ ကတော့ အသင်းတွင်းက တခြားသူတွေပါ မေးခွန်းထုတ်ရမယ့် ကိစ္စ ဖြစ်နေပါတယ်။ သေချာတာ ကတော့ လက်ရှိမှာ စပါး အသင်း အတွင်း ကစားသမားတွေနဲ့ အသင်းရဲ့ လူကြီးပိုင်းတွေ အကြားမှာ တော်တော်လေး တင်းမာနေတာတော့ သေချာပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


