အခုတစ်ခါမှာတော့ ဇန်နဝါရီ ၁၀ ရက်နေ့ အတွက် ရရှိထားသမျှ ဘွန်ဒက်စ်လီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါ ကလပ် ဘေယန်မြူးနစ် ကတော့ ဒီနွေရာသီမှာ နော့တင်ဟမ်ဖောရက်စ် ကွင်းလယ်လူ အဲလီယော့တ် အန်ဒါဆန်ရဲ့ အပြောင်းအရွှေ့ထဲကို ဝင်ရောက်လာပါတယ်။ အင်္ဂလန် ကွင်းလယ်လူ ကတော့ မန်ချက်စတာယူနိုက်တက်နဲ့ မန်စီးတီးရဲ့ ရေရှည် ပစ်မှတ် ဖြစ်ပြီး ဖောရက်စ် ကတော့ ပေါင် ၁၀၀ သန်း တောင်းဆိုဖို့ ရှိနေပါတယ်။
ကိုးလ် ပါးလ်မား ကတော့ ချဲလ်ဆီးမှာ အိမ်လွမ်းနေတယ် ဆိုပြီး သတင်းတွေ ထွက်ပေါ်တာကြောင့် သူ အားပေးခဲ့တဲ့ ငယ်ဘဝ ကလပ် မန်ချက်စတာယူနိုက်တက်က ဒီနွေရာသီမှာ အံ့အားသင့်စရာ သဘောတူညီချက် တစ်ခုနဲ့ ခေါ်ယူဖွယ် ရှိနေတယ်လို့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ချဲလ်ဆီး ကတော့ ဒီကစားသမား အတွက် ပေါင် ၁၀၀ သန်း အလိုရှိနေပါတယ်။
ချဲလ်ဆီးနဲ့ မန်ချက်စတာယူနိုက်တက် တို့ဟာ ဘိုရပ်ရှား ဒေါ့မန်ရဲ့ ကွင်းလယ် ကစားသမား ဖီးလစ် အန်မီချာကို စိတ်ဝင်စားနေတယ်လို့ ယုံကြည်ရပါတယ်။ ဘွန်ဒက်စ်လီဂါ ကလပ် ကတော့ ဒီကစားသမားကို စာချုပ်သက်တမ်းတိုးဖို့ စိတ်အားထက်သန်နေပါတယ်။ ဒါပေမယ့်လည်း မန်ချက်စတာစီးတီး အကယ်ဒမီထွက် ကစားသမား ကတော့ ပရီးမီးယားလိဂ်ဟာ ထူးခြားတဲ့ ပြိုင်ပွဲ တစ်ခု ဖြစ်ကြောင်း ဖွင့်ဟ ပြောဆိုထားပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ တိုက်စစ်မှူး ဂျော်ရွှာ ဇစ်ခ်ဇီးကို ရောင်းချဖို့ တွန့်ဆုတ်နေတယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမယ့်လည်း ဒီသတင်းတွေကို လျစ်လျူရှုပြီးတော့ ရိုးမားက ကမ်းလှမ်းချက်သစ် တစ်ခု တင်သွင်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
အာဆင်နယ်နဲ့ ချဲလ်ဆီး တို့ရဲ့ စိတ်ဝင်စားခြင်း ခံနေရတဲ့ တူရကီ ကြယ်ပွင့် အာဒါဂူလာ ကိုတော့ ရီးရဲလ်မက်ဒရစ်က ယူရို ၉၀ မှ ၁၀၀ သန်း (ပေါင် ၇၈.၄ ကနေ ၈၇.၁ သန်း) အကြား ကမ်းလှမ်းမှု ရရှိခဲ့ရင် ဒီနွေရာသီမှာ ရောင်းချဖွယ် ရှိနေပါတယ်။
ချဲလ်ဆီး ကတော့ ရန်းစ် အသင်းရဲ့ ဗဟိုနောက်ခံလူ ဂျရမီ ဂျက်ကက် အတွက် သဘောတူညီမှု ရဖို့ နီးစပ်မှု မရှိသေးကြောင်း သိရပါတယ်။ ပြင်သစ် ကလပ် ကတော့ သူတို့ရဲ့ ကြယ်ပွင့် ကစားသမား အတွက် အလွန် မြင့်မားတဲ့ ငွေကြေးတရပ် တောင်းဆိုဖွယ် ရှိနေပါတယ်။

လစ်ဗာပူးလ် ကတော့ ချဲလ်ဆီးရဲ့ ပစ်မှတ် ရှက်ဖီးလ်ဝင်းနက်စ်ဒေး ဆယ်ကျော်သက် ကြယ်ပွင့် ယီဆာ အာလာအိုကို ခေါ်ယူဖို့ သဘောတူညီခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ သဘောတူညီချက်ရဲ့ ကနဦး တန်ဖိုးက ပေါင် ၅၀၀,၀၀၀ ဖြစ်ပြီး “ များပြားတဲ့” အပိုဆုကြေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
မက္ကဆီကန် ထိပ်သီး ကလပ် အမေရေိကဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အပြီးမှာ ဖူလ်ဟမ် တိုက်စစ်မှူး ရာအူးလ် ဟင်မီနက်ဇ်ကို ခေါ်ယူဖို့ စီစဉ်နေကြောင်း သိရပါတယ်။
ရက်စ်ဟမ်း ကတော့ အန်ဂါးစ် တိုက်စစ်မှူး ဆာဒီကီ ချာရစ်ဖ်ကို ချန်ပီယံရှစ် သမိုင်းရဲ့ ဈေးအကြီးဆုံး ခေါ်ယူမှု အဖြစ် သတ်မှတ်ဖို့ ဆန္ဒရှိနေပါတယ်။ ဒီကစားသမား ကိုတော့ ခရစ္စတယ်ပဲလေ့စ် ကလည်း ခေါ်ယူချင်နေပြီး ပေါင် ၁၉ သန်း နဲ့ ကမ်းလှမ်းဖို့ ရှိနေကြာင်း သိရပါတယ်။
မန်ချက်စတာယူနိုက်တက် ကတော့ ဘပ်ဆစ်တပ်စ်မှာ ကစားနေတဲ့ လက်စတာစီးတီး ကွင်းလယ် ကစားသမားဟောင်း ဝီလ်ဖရိုင်း အန်ဒီဒီကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။
ပီအက်စ်ဂျီ နည်းပြ လူးဝစ္စ အန်းနရစ်ခ် ကတော့ အော့ဇေးနဲ့ ပွဲအပြီး မိမိတို့အသင်း ယုံကြည်မှုတွေ ပျောက်ဆုံးနေကြောင်း ဖွင့်ဟလာခဲ့ပါတယ်။ ပီအက်စ်ဂျီ ကတော့ နိုင်ပွဲတွေ ဆက်နေပေမယ့် အမှတ်ပေးဇယား အဆင့် ၂ နေရာက လန်းစ်ရဲ့ ၂ မှတ် အကွာနဲ့ အနီးကပ် ဖိအားခြင်း ခံနေရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


