နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆော်ဒီပရိုလိဂ်ရဲ့ ပစ်မှတ် ဖြစ်လာတဲ့ ဘရာဟင်မ် ဒီးယက်ဇ်၊ ဘာစီလိုနာမှာပဲ ဆက်နေချင်တဲ့ ဖာရန်း တောရက်စ် | လာလီဂါ

အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၆ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

ဘရာဟင်မ် ဒီးယက်ဇ် ကတော့ ဆော်ဒီအာရေဗျရဲ့ နောက်ထပ် ပစ်မှတ် တစ်ခု ဖြစ်ပြီး လိဂ် တာဝန်ရှိသူတွေက ၄ နှစ်တာ ကာလ အတွင်း စုစုပေါင်း ယူရို ၁၂၀ သန်း (ပေါင် ၁၀၄.၉ သန်း၊ ဒေါ်လာ ၁၃၉.၉ သန်း) တန်ကြေးရှိတဲ့ စာချုပ်နဲ့ ကမ်းလှမ်းထားကြောင်း သိရပါတယ်။ ဒီးယက်ဇ် ကတော့ လာလီဂါ ကလပ် ရီးရဲလ်မက်ဒရစ်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးနေတာကြောင့် မပျော်ရွှင် ဖြစ်နေပါတယ်။

ဘာစီလိုနာ ကတော့ အက်တလက်တီကိုမက်ဒရစ်၊ ဘေယန်မြူးနစ်၊ လစ်ဗာပူးလ်နဲ့ ရီးရဲလ်မက်ဒရစ် တို့ရဲ့ စိတ်ဝင်စားမှုကို ရှောင်ရှားဖို့ အတွက် ခရစ္စတယ်ပဲလေ့စ် ဗဟိုနောက်ခံလူ မာ့ခ် ဂူဟီကို ဇန်နဝါရီလ ၁ ရက်နေ့မှာ အမြန်ဆုံး စာချုပ်ချုပ်ဆိုဖို့ စီစဉ်နေပါတယ်။

မန်ချက်စတာစီးတီး ကွင်းလယ်လူ ရိုဒရီကို ရီးရဲလ်မက်ဒရစ်က အာဒါ ဂူလာနဲ့ အလဲအလှယ်လုပ်ဖို့ စဉ်းစားနေပါတယ်။ လော့စ်ဘလန်ကို တို့ဟာ အသက် ၂၀ အရွယ် ကစားသမားကို ရောင်းထုတ်ဖို့ စိတ်မဝင်စားသလို အလဲအလှယ် ပြုလုပ်ဖို့ ညှိနှိုင်းရန်လည်း စိတ်မဝင်စားကြောင်း Defensa Central က ဖော်ပြပါတယ်။

ဖာရန်း တောရက်စ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာမှာ ဆက်ရှိနေဖို့ မျှော်လင့်ချက်နဲ့ အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာစီလိုနာ ကတော့ လာမယ့် နွေရာသီမှာ တီကို တိုက်စစ်မှူး ဟူလီယန် အဲလ်ဗာရက်ဇ်ရဲ့ ဈေးနှုန်းကို လျှော့ချဖို့ လဲလှယ်မှုမှာ အသုံးပြုဖို့ စဉ်းစားနေကြောင်း El Nacional က ဖော်ပြပါတယ်။

ဖာရန်း တောရက်စ် ကတော့ လာလီဂါ ကလပ် ဘာစီလိုနာမှာ ဆက်ရှိနေဖို့ မျှော်လင့်ချက်နဲ့ အက်စတွန်ဗီလာနဲ့ နယူးကာဆယ် တို့ရဲ့ ကမ်းလှမ်းမှုတွေကို ငြင်းပယ်ခဲ့ပါတယ်။
ဗီလာနဲ့ နယူးကာဆယ်ရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချထားတဲ့ ဖာရန်း တောရက်စ်

ဒေါ့မန် ဗဟိုနောက်ခံလူ နီကို ရှလော့တ်တာဘက်ခ် ကတော့ သူ့ရဲ့ စာချုပ် နောက်ဆုံး ၁၈ လထဲကို ရောက်ရှိလာတာနဲ့ အမျှ ဘေယန်မြူးနစ် သို့မဟုတ် ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း Sky Sport Germany က ဖော်ပြပါတယ်။

အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ပ်ဟာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က ပထမဆုံး ကျင်းပတဲ့  ငြိမ်းချမ်းရေးဆုကို လက်ခံရယူခဲ့ပါတယ်။ FIFA ဥက္ကဋ္ဌ အင်ဖန်တီနိုက ဒီဆုချီးမြှင့်မယ်လို့ အခုနှစ် အတွင်းမှ ကြေညာခဲ့တာ ဖြစ်တယ်။ အစောပိုင်းကတည်းက ဒီဆုဟာ သမ္မတ ဒေါ်နယ် ထရန့်ပ် အတွက် ဖြစ်တယ်လို့ အားလုံးက ယူဆခဲ့ကြပါတယ်။

ဆုရဲ့ ရည်ရွယ်ချက် ကတော့ ကမ္ဘာတစ်ဝန်းက လူသားတွေ ငြိမ်းချမ်းရေးနဲ့ စုစည်းညီညွတ်မှု အတွက် ထူးချွန် ပြောင်မြောက်စွာ လုပ်ဆောင်သူကို ပေးအပ်တာလို့ ဆိုထားပါတယ်။ ငြိမ်းချမ်းရေးဆုမှာ ရွှေရောင် ကမ္ဘာလုံးဆုနဲ့ အတူ ဆုတံဆိပ် ချီးမြှင့်တာ ဖြစ်ပါတယ်။ ဒေါ်နယ် ထရန့်ပ်ဟာ လူဆယ်သန်းရဲ့ အသက်ကို ကယ်တင်ခဲ့ကာ စစ်ပွဲတွေ ကိုလည်း ရပ်တန့်နိုင်ခဲ့လို့ ဒီဆုကို ချီးမြှင့်ခံရတာ ဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ ဘောလုံးဖွံ့ဖြိုး တိုးတက်ရေး အကြီးအကဲ အဖြစ် ဆောင်ရွက်နေတဲ့ အာဆင်နယ် နည်းပြဟောင်း အာစင်ဝင်းဂါး ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ပြင်သစ်က ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး ဖြစ်ကြောင်း ခန့်မှန်း သုံးသပ်လိုက်ပါတယ်။ အမေရိကန်၊ မက္ကဆီကိုနဲ့ ကနေဒါတို့ သုံးနိုင်ငံ ပူးတွဲ အိမ်ရှင် အဖြစ် လက်ခံကျင်းပမယ့် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ အတွက် ပြုလုပ်မယ့် မဲခွဲပွဲ မတိုင်ခင် ဂျာနယ်လစ်တွေနဲ့ တွေ့ဆုံချိန်မှာ အာစင်ဝင်းဂါးက အဲဒီလို ခန့်မှန်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်