အခုတစ်ခါမှာတော့ ဒီဇင်ဘာ ၅ ရက်နေ့ အတွက် ရရှိထားသမျှ လာလီဂါရဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ ခရစ္စတယ်ပဲလေ့စ်က အဒမ် ဝှာတန်၊ AZ အဲလ်ခမာက ကီး စမစ်တို့ အပြင် အိုလံပီယာကော့စ် ကွင်းလယ်လူ ခရစ္စတော့စ် မူဇာကီတစ်ကို စိတ်ဝင်စားနေကြောင်း သိရပါတယ်။ လာလီဂါ ကလပ်က အသက် ၁၈ နှစ် အရွယ် ကစားသမား အတွက် ယူရို ၃၅ သန်း (ပေါင် ၃၀.၇ သန်း၊ ဒေါ်လာ ၄၀.၈ သန်း) နဲ့ ကမ်းလှမ်းမှု တင်သွင်းထားကြောင်း Defensa Central က ဖော်ပြပါတယ်။
ဘာစီလိုနာ ကနေ ထွက်ခွာပြီး ၆ လ အကြာမှာတော့ ဗဟိုနောက်ခံလူ အင်နီဂို မာတီနက်ဇ်ဟာ အဲလ်နာဆာ ကနေ ထွက်ခွာလိုကြောင်း ရှင်းရှင်းလင်းလင်း ပြောကြားထားခဲ့ပါတယ်။ မာတီနက်ဇ်ဟာ ၆ လ အငှားနဲ့ ကမ့်ပ်နူးကို အငှားနဲ့ ပြန်လည် ပြောင်းရွှေ့လိုနေကြောင်း သိရပါတယ်။
ဘာစီလိုနာ ကတော့ ရော်နယ် အာရူဟိုကို ဘေယန်မြူးနစ်၊ မန်ချက်စတာယူနိုက်တက် နှစ်သင်းစလုံးနဲ့ အပြိုင် ယူရို ၅၀ သန်း (ပေါင် ၄၃.၈ သန်း၊ ဒေါ်လာ ၅၈.၃ သန်း)နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းထားခဲ့ကြောင်း သိရပါတယ်။ ဘာစီလိုနာ ဘက်ကတော့ ဥရုဂွေးသား အတွက် ကမ်းလှမ်းမှုတွေကို စောင့်ဆိုင်းနေကြောင်း သိရပါတယ်။
တစ်ဆက်တည်းမှာပဲ လာလီဂါ ကလပ် ဘာစီလိုနာက ခရစ္စတယ်ပဲလေ့စ် နောက်ခံလူ မာ့ခ် ဂူဟီရဲ့ ကိုယ်စားလှယ်တွေထံ တရားဝင် ချဉ်းကပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမားဟာ လစ်ဗာပူးလ်ကို ပြောင်းရွှေ့ဖို့ အိပ်မက်မက်နေဆဲ ဖြစ်ပေမယ့် ဘာစီလိုနာရဲ့ ကြိုးပမ်းမှု အပေါ် အထင်ကြီးနေပါတယ်။ ဂူဟီဟာ လာမယ့် နွေရာသီမှာ သူ့ရဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန် နူးကမ့်ပ်ကို ပြောင်းရွှေ့ဖို့ စဉ်းစားနေကြောင်း သိရပါတယ်။
ရီးရဲလ်မက်ဒရစ် ကတော့ မက်ဇ်ရဲ့ အသက် ၁၆ နှစ်အရွယ် တိုက်စစ်မှူး ဘရိုင်ယန် မက်ဂျိုကို စိတ်ဝင်စားနေပါတယ်။ ဒီကစားသမား ကတော့ လီဂူးဝမ်း ကလပ်ရဲ့ ပထမအသင်းမှာ ပါဝင်ကစားနေပြီး ဒီဒီယာ ဒရော့ဂ်ဘာ လက်သစ် အဖြစ် သတ်မှတ်ခံထားရကြောင်း Defensa Central က ဖော်ပြပါတယ်။

ချဲလ်ဆီးကို အနိုင်ရခဲ့ပြီးနောက် မှာတော့ မိမိတို့ အသင်းက လမ်းကြောင်းမှန်ပေါ် ပြန်လည် ရောက်လာခဲ့ပြီ ဖြစ်ကြောင်း လိဒ်စ်ယူနိုက်တက် နည်းပြ ဒန်နီရယ် ဖာကီက ဖွင့်ဟလာခဲ့ပါတယ်။
အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ ကစားသမားတွေကို ချီးကျူးသွားခဲ့ပေမယ့် ပွဲစဉ် ဇယား ကိုတော့ ပြစ်တင် ပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
လာဇီယိုနဲ့ ကစားမယ့် ကိုပါအီတာလီယာ ပွဲစဉ် အမီ ခရစ္စတီယန် ပူလီဆစ် ပြန်လည် ကစားနိုင်မှာ ဖြစ်ကြောင်း အေစီမီလန် နည်းပြ မက်စ် အယ်လီဂရီက အတည်ပြုသွားခဲ့ပါတယ်။
လက်ရှိမှာ ပုံစံကောင်း ပျောက်ဆုံးနေတဲ့ မိုဟာမက် ဆာလာကို လစ်ဗာပူးလ်တို့ ရောင်းချဖို့ စတင် ပြင်ဆင်နေပြီ ဖြစ်ကြောင်း သတင်းရရှိပါတယ်။ ဆာလာ ကိုတော့ ဆော်ဒီပရိုလိဂ် ကလပ်တွေက ခေါ်ယူဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
မေဂျာလိဂ် ကလပ် ဆန်ဒီယေဂို အက်ဖ်စီ ကတော့ မိုဟာမက် ဆာလာ ကို စိတ်ဝင်စားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မန်ချက်စတာစီးတီး ကတော့ ဖီးလ် ဖိုဒန်ကို ကာလရှည် စာချုပ် ချုပ်ဆိုသွားဖို့ ပြင်ဆင်နေပါတယ်။
အာဆင်နယ် ကတော့ ဘာစီလိုနာမှာ အဌားနဲ့ ထွက်ကစားနေတဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်ကစားသမား ရက်ရှ်ဖို့ဒ်ကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းလိုနေကြောင်း သိရပါတယ်။ အာဆင်နယ်ဟာ ရက်ရှ်ဖို့ဒ်တင်မက ကွင်းလယ်လူ ကိုဘီ မိန်းနူးကိုပါ လာမယ့် ဆောင်းရာသီမှာ ခေါ်ယူလိုနေကြောင်း သိရပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.


