နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဒီနှစ် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်လာတဲ့ ဘာစီလိုနာ

ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ ရှုံးထွက် ၁၆ သင်း အဆင့် ပွဲစဉ်တွေ ပြီးဆုံးခဲ့ပြီးနောက် ချန်ပီယံ ဖြစ်ဖို့ အလားအလာ အကောင်းဆုံး အသင်း အဖြစ် ဘာစီလိုနာက သတ်မှတ်ခံရပါတယ်။ ထုံးစံအတိုင်း Opta ရဲ့ စူပါကွန်ပျူတာက တွက်ချက်ခဲ့တာ ဖြစ်ပြီး ဘာစီလိုနာ ပြီးရင် ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတွေ အဖြစ် ပီအက်စ်ဂျီနဲ့ အာဆင်နယ်တို့ ရပ်တည်နေခဲ့ပါတယ်။

ဒါ့အပြင် Optaရဲ့ ခန့်မှန်းမှုတွေမှာ အင်တာမီလန်က ချန်ပီယံလိဂ် ဖလား ရရှိဖို့ စတုတ္ထ အလားအလာ အကောင်းဆုံး ဖြစ်နေပြီး သူ့ရဲ့ နောက်မှာတော့ ရီးရဲလ်မက်ဒရစ်၊ ဘေယန်မြူးနစ်၊ အက်စတွန်ဗီလာနဲ့ ဒေါ့မန် တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။ ဘာစီလိုနာ ကတော့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်တွေမှာ ပွဲအချောင်ဆုံး အဖြစ် သတ်မှတ်ခံခဲ့ရပြီးတော့ ၁၆ သင်း အဆင့်မှာ ဘင်ဖီကာနဲ့ တွေ့ဆုံခဲ့သလို၊ ကွာတားဖိုင်နယ် မှာလည်း ဒေါ့မန်နဲ့ တွေ့ဆုံရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဘာစီလိုနာက ချန်ပီယံဆု ရရှိဖို့ အလားအလာ အကောင်းဆုံး ဖြစ်နေပြီး တခြားသော ခန့်မှန်းမှုတွေ မှာလည်း ဘာစီလိုနာက ၇:၂ နဲ့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။

ဒါ့အပြင် Optaရဲ့ ခန့်မှန်းမှုတွေမှာ အင်တာမီလန်က ချန်ပီယံလိဂ် ဖလား ရရှိဖို့ စတုတ္ထ အလားအလာ အကောင်းဆုံး ဖြစ်နေပြီး သူ့ရဲ့ နောက်မှာတော့ ရီးရဲလ်မက်ဒရစ်၊ ဘေယန်မြူးနစ်၊ အက်စတွန်ဗီလာနဲ့ ဒေါ့မန် တို့က အစဉ်လိုက် ရပ်တည်နေပါတယ်။
ချန်ပီယံလိဂ် ၁၆ သင်း အဆင့်မှာ ဘင်ဖီကာကို ကျော်ဖြတ်လာတဲ့ ဘာစီလိုနာ

တစ်ခုရှိတာက ဘာစီလိုနာ အနေနဲ့ ကွာတားဖိုင်နယ်မှာ ဒေါ့မန်ကို ကျော်ဖြတ်နိုင်ခဲ့ရင်တော့ ဆီမီးဖိုင်နယ်မှာ ဘေယန်မြူးနစ်-အင်တာမီလန် ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် လွယ်ကူမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း Opta ရဲ့ တွက်ချက်မှု အရ ဘာစီလိုနာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ ၈၀ ရာခိုင်နှုန်း သေချာနေပြီး ဗိုလ်လုပွဲကို ရောက်ရှိဖို့တော့ ၄၁.၅ ရာခိုင်နှုန်း ရှိနေကာ ချန်ပီယံ ဖြစ်ဖို့ အလားအလာ ကတော့ ၂၀.၄ ရာခိုင်နှုန်း ရှိနေကြောင်း ခန့်မှန်းထားပါတယ်။

ပီအက်စ်ဂျီ ကတော့ ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ ၇၂.၂ ရာခိုင်နှုန်း ဗိုလ်လုပွဲကို တက်လှမ်းဖို့ ၃၆ ရာခိုင်နှုန်း၊ ချန်ပီယံ ဖြစ်ဖို့ ၁၉.၃ ရာခိုင်နှုန်း ရှိနေပါတယ်။ ပီအက်စ်ဂျီ ကတော့ ချန်ပီယံလိဂ် ဖလား ရရှိဖို့ ရေပန်းအစားဆုံး အသင်း ဖြစ်တဲ့ လစ်ဗာပူးလ်ကို ကျော်ဖြတ်နိုင်ခဲ့တဲ့ အတွက် အခုလိုပဲ ချန်ပီယံ ဖြစ်ဖို့ ဒုတိယ အလားအလာ အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ် ချန်ပီယံဆု ရရှိဖို့ ဒုတိယ ရေပန်းအစားဆုံး အသင်း ဖြစ်လာခဲ့သလို ချန်ပီယံလိဂ် ဗိုလ်လုပွဲ မှာလည်း ပီအက်စ်ဂျီနဲ့ ဘာစီလိုနာ တွေ့ဆုံမယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။ ဗိုလ်လုပွဲမှာ တွေ့ဆုံနိုင်ချေ ရှိတဲ့ ဒုတိယ ရေပန်းအစားဆုံး ကတော့ ရီးရဲလ်မက်ဒရစ်-ဘာစီလိုနာ ဖြစ်ပြီးတော့ တတိယ ရေပန်းအစားဆုံး ကတော့ ပီအက်စ်ဂျီ-ဘေယန်မြူးနစ် ဖြစ်ပါတယ်။ အာဆင်နယ် ကတော့ Opta ရဲ့ ခန့်မှန်းမှု အရ ဆီမီးဖိုင်နယ်ကို တက်ရောက်ဖို့ အလားအလာ ၅၂.၈ ရာခိုင်နှုန်း၊ ဗိုလ်လုပွဲကို ရောက်ရှိဖို့ ၃၀.၃ ရာခိုင်နှုန်းနဲ့ ချန်ပီယံ ဖြစ်ဖို့ အလားအလာ ၁၆.၈ ရာခိုင်နှုန်း ရှိထားပါတယ်။ ဒါပေမယ့်လည်း တခြားသော ဗိုလ်စွဲရန် အလေးပေးမှုတွေ မှာတော့ အာဆင်နယ်က ရီးရဲလ်မက်ဒရစ်နဲ့ ဘေယန်မြူးနစ် တို့ရဲ့ အနောက် မှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်