နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
promotion@sbotop.com သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

“လိဂ်ဖလားက ကျွန်တော်တို့ အတွက် ကမ္ဘာ့ဖလားလိုပါပဲ” – ဘရူနို ဂီမာရေးစ် | ခရာဘောင်ဖလား

နယူးကာဆယ် အသင်းခေါင်းဆောင် ဘရူနို ဂီမာရေးစ် ကတော့ ခရာဘောင်ဖလား ဗိုလ်လုပွဲမှာ လစ်ဗာပူးလ်ကို အနိုင်ယူပြီး သမိုင်းသစ် ရေးထိုးသွားမယ်လို့ ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ နယူးကာဆယ်နဲ့ လစ်ဗာပူးလ် တို့ဟာ လာမယ့် မတ်လ ၁၆ ရက်နေ့ တနင်္ဂနွေနေ့မှာ ခရာဘောင်ဖလား ဗိုလ်လုပွဲ အဖြစ် ဝင်ဘလေကွင်းမှာ ထိပ်တိုက် ရင်ဆိုင် ကစားရမှာလည်း ဖြစ်ပါတယ်။

ဘရူနို ဂီမာရေးစ်က “ကျွန်တော်တို့ အနိုင်ရမယ်လို့ ယုံကြည်ထားပါတယ်။ ဗိုလ်လုပွဲမှာ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ လိဂ်ဖလား ဗိုလ်လုပွဲက ကျွန်တော်တို့ အတွက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲလို ဖြစ်ပြီး အရာ အားလုံးလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီအသင်း အတွက် သမိုင်းသစ်ရေးထိုးနိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ အသင်းရဲ့ ပရိသတ်တွေ ကလည်း ဆုဖလား မမြင်ဖူးတာ ကြာနေပါပြီ။ ကျွန်တော်တို့ အနေနဲ့ ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိနေပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ 

နယူးကာဆယ်ဟာ အင်္ဂလန်ရဲ့ အထင်ကရ အသင်း တစ်သင်း ဖြစ်ပေမယ့်လည်း ဆုဖလား အောင်မြင်မှုတွေနဲ့တော့ ကာလအတော်ကြာ ဝေးကွာနေတဲ့ အသင်း ဖြစ်ပါတယ်။ ငှက်ကြားတွေဟာ ၁၉၅၄-၁၉၅၅ ဘောလုံး ရာသီမှာ အက်ဖ်အေဖလားကို နောက်ဆုံး ရယူနိုင်ခဲ့ပြီးနောက် ပြည်တွင်း ဆုဖလားတွေနဲ့ ဝေးကွာနေတာဟာ နှစ်ပေါင်း ၇၀ တိုင်ခဲ့ပြီ ဖြစ်ပါတယ်။ 

နယူးကာဆယ်ဟာ ခရာဘောင်ဖလား ဗိုလ်လုပွဲကို ၁၉၇၅-၁၉၇၆နဲ့ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီတွေမှာ ၂ ကြိမ် တက်ရောက်ဖူးပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
လစ်ဗာပူးလ်နဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ရတတ်တဲ့ နယူးကာဆယ်

နယူးကာဆယ်ဟာ ၂၀၂၂ ခုနှစ်က ခရာဘောင်ဖလား ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပြီး တစ်နှစ်ကျော် အကြာမှာ ထပ်မံ တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက နယူးကာဆယ်ဟာ မန်ချက်စတာယူနိုက်တက်ကို ရှုံးနိမ့်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် ငှက်ကြားတွေဟာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ ဆုဖလား အောင်မြင်မှုလည်း ဖြစ်သလို အသင်း သမိုင်းတစ်လျှောက် ပထမဦးဆုံး ခရာဘောင်ဖလား အောင်မြင်မှုလည်း ဖြစ်လာဖို့ အတွက် ချန်ပီယံ ဖြစ်ရေး စိတ်ဆန္ဒတွေ ပြင်းပြနေတာ ဖြစ်ပါတယ်။ နယူးကာဆယ်ဟာ ခရာဘောင်ဖလား ဗိုလ်လုပွဲကို ၁၉၇၅-၁၉၇၆နဲ့ ၂၀၂၂-၂၀၂၃ ဘောလုံး ရာသီတွေမှာ ၂ ကြိမ် တက်ရောက်ဖူးပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

နယူးကာဆယ်နဲ့ လစ်ဗာပူးလ် တို့ရဲ့ တွေ့ဆုံမှု ၂၈ ကြိမ်ကို ပြန်ကြည့်ရင် လစ်ဗာပူးလ်က ၁၇ ကြိမ် အထိ အနိုင်ရခဲ့ပြီးတော့ နယူးကာဆယ် ကတော့ ၄ ကြိမ်သာ အနိုင်ရကာ ၇ ကြိမ် သရေကျခဲ့ပါတယ်။ အနီးဆုံး တွေ့ဆုံမှု ၅ ကြိမ်ကို ပြန်ကြည့်ရင်လည်း လစ်ဗာပူးလ်က နယူးကာဆယ်ကို ၄ ကြိမ် အထိ အနိုင်ရပြီး ၁ ကြိမ် သရေ ကစားထားခဲ့ပါတယ်။ ဒီနှစ်သင်းက ပြီးခဲ့တဲ့ ၂၈ ကြိမ်စလုံး ပရီးမီးယားလိဂ် မှာသာ တွေ့ဆုံထားခဲ့ကြတာ ဖြစ်ပြီး ရှုံးထွက်ဖလား ပြိုင်ပွဲ မှာတော့ ပထမဦးဆုံး အကြိမ် ပြန်လည် ရင်ဆိုင်ကြရမှာ ဖြစ်ပါတယ်။

အာနေး ဆလော့တ်နဲ့ လစ်ဗာပူးလ် အတွက် ကလည်း ဒီရာသီ ဆုဖလား မျှော်လင့်ချက် ဆိုလို့ ပရီးမီးယားလိဂ်နဲ့ ခရာဘောင်ဖလားသာ ကျန်ရှိတော့တာကြောင့် သေချာပေါက် အားစိုက်ကစားမှာ ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စိတ်ဓာတ်ပိုင်းအရတော့ နှစ်သင်းစလုံးက အမြင့်ဆုံးကို ရောက်နေလို့ မှန်းဆရခက်ပြီး အမှား အနည်းဆုံးနဲ့ ကစားနိုင်တဲ့ အသင်းက ချန်ပီယံ ဖြစ်သွားဖို့တော့ ရှိနေပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်