အာဆင်နယ် နည်းပြ မီခဲလ် အာတေးတား ကတော့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို နှစ်ရာသီ ဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့ အတွက် အလွန် ပျော်ရွှင်နေတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူ့ရဲ့ အသင်းက ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်စွမ်း ရှိကြောင်းလည်း ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။
အာဆင်နယ်ဟာ ပုံစံသစ်နဲ့ ကျင်းပတဲ့ အခုနှစ် ချန်ပီယံလိဂ် လိဂ် အဆင့်မှာ ၆ ပွဲနိုင်၊ ၁ ပွဲ သရေ၊ ၁ ပွဲ ရှုံး၊ ရမှတ် ၁၉ မှတ်နဲ့ အဆင့် ၃ နေရာ ရရှိခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်က ၁၆ သင်း အဆင့်ကို တိုက်ရိုက် တက်လှမ်းနိုင်ခဲ့ပြီးတော့ ပလေးအော့ဖ်ကို ကျော်ဖြတ်လာတဲ့ ပီအက်စ်ဗွီနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ တော်တော်များများက အာဆင်နယ်တို့ ပီအက်စ်ဗွီကို ခက်ခက်ခဲခဲ ကစားရမယ်လို့ တွက်ဆခဲ့ကြပေမယ့် မီခဲလ် အာတေးတားရဲ့ အသင်း ကတော့ ပထမအကျော့ နယ်သာလန်မြေမှာ ၁-၇ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရခဲ့ပြီး ဒုတိယအကျော့ကို ပေါ့ပေါ့ပါးပါးပဲ ကစားနိုင်ခဲ့ပါတယ်။ ဒုတိယအကျော့ မှာလည်း အာဆင်နယ်က ပီအက်စ်ဗွီကို ၂-၂ ရလဒ်နဲ့ မရှုံးအောင် ကစားကာ နှစ်ကျော့ပေါင်း ၉-၃ ရလဒ်နဲ့ ကွာတားဖိုင်နယ် တက်လှမ်းခဲ့ပါတယ်။

အာဆင်နယ်က ချန်ပီယံလိဂ် ကွာတားဖိုင်နယ် မှာတော့ ပြိုင်ပွဲရဲ့ အအောင်မြင်ဆုံးနဲ့ ဘုရင်ကြီး အဖြစ် သတ်မှတ်ထားကြတဲ့ လက်ရှိ ချန်ပီယံ ရီးရဲလ်မက်ဒရစ်နဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အာဆင်နယ်ဟာ ရွှေထီးဆောင်းခဲ့ချိန် ၂၀၀၄ ခုနှစ်က ရီးရဲလ်မက်ဒရစ်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဗိုလ်လုပွဲရောက်မှ ဘာစီလိုနာကို ကံမကောင်းစွာနဲ့ ရှုံးနိမ့်ပြီး ချန်ပီယံဆုနဲ့ ဝေးကွာခဲ့ရတာ ဖြစ်ပါတယ်။
မီခဲလ် အာတေးတား ကတော့ အာဆင်နယ်ကို ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ် ဝင်ခွင့် ပြန်လည် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ကွာတားဖိုင်နယ် အဆင့် ကိုလည်း ပိုဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အာဆင်နယ်က မနှစ်က ကွာတားဖိုင်နယ်မှာ ဘေယန်မြူးနစ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲ ကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။
အခုလို နှစ်နှစ်ဆက် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့ပြီးနောက် မီခဲလ် အာတေးတားက “ကွာတားဖိုင်နယ်ကို နှစ်ရာသီဆက် တက်ရောက်နိုင်ခဲ့တဲ့ အတွက် ကျွန်တော်တို့ အရမ်းပဲ ပျော်ရွှင်မိပါတယ်။ ဒါဟာ အရမ်းကို ခက်ခဲတဲ့ အရာ တစ်ခုပါ။ ပြီးခဲ့တဲ့ ၁၅ နှစ် အတွင်းမှာ ဒီလိုမျိုး လုပ်ဆောင်နိုင်တာ ပထမဦးဆုံး အကြိမ် ဖြစ်တာကြောင့် ဒါဟာ ဘယ်လောက်အထိ ခက်ခဲသလဲ ဆိုတာ သိသာပါတယ်။ ဒီအတွက် ကျွန်တော့်ရဲ့ ကစားသမားတွေ ကိုလည်း အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ နောက်ထပ် အများကြီး ထပ်လိုချင်ပါသေးတယ်။ ကျွန်တော် တို့မှာ လုပ်ဆောင်နိုင်တဲ့ အရည်အသွေးတွေ ရှိတယ် ဆိုတာလည်း ယုံကြည်ပါတယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီး အာတေးတားက ရီးရဲလ်မက်ဒရစ်နဲ့ တွေ့ဆုံနေခြင်း ကိုလည်း “ကျွန်တော်တို့ ရီးရဲလ်မက်ဒရစ်ကို အနိုင်ယူနိုင်စွမ်း ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် တို့ရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်ဖို့ လိုအပ်ပါတယ်။ နှစ်ကျော့စလုံးရဲ့ မိနစ်တိုင်းမှာ အကောင်းဆုံး ဖြစ်နေရမှာပါ။ သူတို့ကို အခွင့်အရေး နည်းနည်းမှ ပေးလို့ မဖြစ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့က ရတဲ့ အခွင့်အရေးကို ယူသွားနိုင်စွမ်း ရှိတဲ့ အသင်း ဖြစ်တာကြောင့်ပါ။” လို့ ပြောကြားခဲ့သည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.