၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ကတော့ သွင်းဂိုးတွေနဲ့ မြိုင်ဆိုင်ခဲ့သလို သမိုင်းတလျှောက် သွင်းဂိုး အများဆုံး ကမ္ဘာ့ဖလား အဖြစ်လည်း စံချိန်တင်သွားခဲ့ပါတယ်။
အာဂျင်တီးနားနဲ့ ပြင်သစ် တို့ ကစားခဲ့တဲ့ ဗိုလ်လုပွဲ မှာတင်ပဲ နှစ်ဖက် သွင်းဂိုး ၆ ဂိုး အထိ ရှိခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၁၇၂ ဂိုး အထိ ရှိလာခဲ့ပါတယ်။ ဒါဟာ ၁၉၉၈နဲ့ ၂၀၁၄ ပြိုင်ပွဲတွေမှာ စံချိန်တင်ခဲ့တဲ့ ၁၇၁ ဂိုးထက် ၁ ဂိုး ပိုမို များပြားခဲ့တာလည်း ဖြစ်ပါတယ်။
တစ်ပွဲကို ပျမ်းမျှအားဖြင့် ၂.၇ ဂိုးနှုန်း သွင်းယူခဲ့ပြီး ဒီနှစ် ကမ္ဘာ့ဖလားရဲ့ သွင်းဂိုး အများဆုံး ပွဲကတော့ စပိန်က ကော်စတာရီကာကို ၇-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲ ဖြစ်ခဲ့ပါတယ်။ နောက်ထပ် ဂိုးအများဆုံး ပွဲကတော့ ပေါ်တူဂီက ဆွစ်ဇာလန်ကို ၆-၁ နဲ့ အနိုင်ရခဲ့တဲ့ ပွဲပါ။ ဗိုလ်လုပွဲမှာ သွင်းဂိုးတွေ အများကြီး မြင်တွေ့ခဲ့ရတာ အပါအဝင် ပင်နယ်တီ သွင်းဂိုး အရေအတွက် ကလည်း ၁၂ ဂိုး အထိ မြင်တွေ့ခဲ့ရသလို ၃ ဂိုးစီ သရေကျခဲ့တဲ့ ကင်မရွန်းနဲ့ ဆာဘီးယားတို့ အုပ်စု G ပွဲစဉ်လည်း ပါဝင်ခဲ့ပါတယ်။
ဒီပြိုင်ပွဲမှာ ကီလီယန် အမ်ဘာပေးက သွင်းဂိုး ၈ ဂိုးနဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ မက်ဆီကို ၁ ဂိုးအသာနဲ့ ကျော်ဖြတ်ကာ အသာစီးရခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီ ကတော့ ကမ္ဘာ့ဖလား ဗိုလ်လုပွဲမှာ သွင်းယူခဲ့တဲ့ သွင်းဂိုး ၂ ဂိုး အပါအဝင် သွင်းဂိုး ၇ ဂိုး အထိ ရရှိခဲ့ပါတယ်။ နည်းပညာ တိုးတက် ပြောင်းလဲလာမှုနဲ့ အတူ ကမ္ဘာ့ဖလား သမိုင်းတလျှောက် သွင်းဂိုး အများဆုံး ဖြစ်ခဲ့ပေမယ့်လည်း ၁၉၅၄ ခုနှစ် ပြိုင်ပွဲနဲ့ နှိုင်းယှဉ်ရင်တော့ အများကြီး နည်းပါးခဲ့ပါတယ်။
၁၉၅၄ တုန်းက တစ်ပွဲကို ၅.၄ ဂိုးနှုန်း အထိ ရှိခဲ့ပြီး ဟန်ဂေရီ၊ ဩစတြီးယားနဲ့ အနောက် ဂျာမနီ တို့က အံ့အားသင့်ဖွယ်ရာ သွင်းဂိုး အများအပြား ရယူနိုင်ခဲ့ပါတယ်။ ကွာတားဖိုင်နယ်မှာ ဩစတြီးယားက ဆွစ်ဇာလန်ကို ၇-၅ နဲ့ အနိုင်ရခဲ့ပြီး ဒါက ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းမှာ နှစ်ဖက် သွင်းဂိုး အများဆုံး ပွဲလည်း ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲ အလိုက် သွင်းဂိုးတွေကို ပြန်ကြည့်မယ် ဆိုရင်တော့…

၁၉၃၀ – ၇၀ ဂိုး
၁၉၃၄ – ၇၀ ဂိုး
၁၉၃၈ – ၈၄ ဂိုး
၁၉၅၀ – ၈၈ ဂိုး
၁၉၅၄ – ၁၄၀ ဂိုး
၁၉၅၈ – ၁၂၆ ဂိုး
၁၉၆၂ – ၈၉ ဂိုး
၁၉၆၆ – ၈၉ ဂိုး
၁၉၇၀ – ၉၅ ဂိုး
၁၉၇၈ – ၁၀၂ ဂိုး
၁၉၈၂ – ၁၄၆ ဂိုး
၁၉၈၆ – ၁၃၂ ဂိုး
၁၉၉၀ – ၁၁၅ ဂိုး
၁၉၉၈ – ၁၇၁ ဂိုး
၂၀၀၂ – ၁၆၁ ဂိုး
၂၀၀၆ – ၁၄၇ ဂိုး
၂၀၁၀ – ၁၄၃ ဂိုး
၂၀၁၄ – ၁၇၁ ဂိုး
၂၀၁၈ – ၁၆၉ ဂိုး
၂၀၂၂ – ၁၇၂ ဂိုး
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်


